33 C
Yangon

မုံရွာမြို့ရှိ စစ်တပ်၏ ကန်သာယာရေကစား မဏ္ဍပ်ကို အသေခံ ဒရုန်းဖြင့် တိုက်ခိုက်

Must read

မုံရွာမြို့ရှိ စစ်တပ်၏ ကန်သာယာရေကစား မဏ္ဍပ်ကို အသေခံ ဒရုန်းဖြင့် တိုက်ခိုက်

ရန်ကုန်၊ ဧပြီ ၁၅

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ စစ်တပ်၏ ကန်သာယာရေကစား မဏ္ဍပ်ကို အသေခံ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း Daung Ta Mann အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဧပြီလ ၁၅ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် မုံရွာမြို့ရှိ အကြမ်းဖက် စစ်တပ်၏ ကန်သာယာရေကစားမဏ္ဍပ်ကို တော်လှန်ရေး တပ်ဖွဲ့များက အသေခံ ဒရုန်း ၁ စီးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှု အတွင်း မဏ္ဍပ် နောက်ကျောရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများထံ ကျရောက် ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲသံ ကျယ်လောင်စွာ ထွက်ပေါ်ခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေး သေစာရင်းတော့ မသိရသေးဘူး။ အသေခံ ဒရုန်း ၁ စီးနဲ့ တိုက်ခိုက်ခဲ့တာပါ” ဟု Daung Ta Mann အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Shar Htoo Waw နည်းပညာတပ်ဖွဲ့၏ Team(3)PDAF ၊ Shar Htoo Waw နည်းပညာတပ်ဖွဲ့၏ Team(4) SSTF ၊ Eagle Wing Drone Force ၊ ဗေဒါပျံ (Drone Team)ဧရာဝတီတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ Union Brothers-UB(ပြည်သူ့အကျိုးဆောင်အဖွဲ့ ၊ “ငါတို့”ထောက်ပို့အဖွဲ့ ၊ ဒေသတွင်း ပကဖ အဖွဲ့များနှင့် ဆားလင်းကြီး ပလဖ တပ်ရင်း၊ တပ်ဖွဲ့များ ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး အကြမ်းဖက် စစ်တပ်က မဏ္ဍပ်ကို Jammer များဖြင့် အခိုင်အမာ အထိုင်ချ တပ်စွဲထားခြင်းဖြစ်ကြောင်း သိရသည်။

ပြည်သူများ ပိုမို ပူးပေါင်းပါ၀င်ပါက Drone အစီးရေများများဖြင့် စွမ်းအားပြင်းယမ်းများကို အသုံးပြုလျှက် ယခုထက်ပိုမို ထိရောက် အောင်မြင်အောင် တော်လှန်ရေးကို ဆောင်ရွက်နိုင်မည် ဖြစ်ပြီး စစ်အာဏာရှင်စနစ် အမြန်ဆုံး နိဂုံးချုပ်နိုင်ရေးအတွက် ပြည်သူများအနေဖြင့် မလျော့သော ဇွဲဖြင့် ဆက်လက်ပူးပေါင်းပါဝင်ပေးကြပါရန် မေတ္တာရပ်ခံကြောင်း Daung Ta Mann အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article