35 C
Yangon

တောင်ငူမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦး ဒဏ်ရာရ၊ သံတွဲမြို့နယ်တွင်လည်း စစ်တပ်က လေကြောင်းဖြင့် ပစ်ခတ်နေ

Must read

တောင်ငူမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦး ဒဏ်ရာရ၊ သံတွဲမြို့နယ်တွင်လည်း စစ်တပ်က လေကြောင်းဖြင့် ပစ်ခတ်နေ

ရန်ကုန်၊ ဧပြီ ၁၅

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Thandaung Mupoe အဖွဲ့ထံမှ သိရသည်။

ဧပြီလ ၁၅ ရက်နေ့ ယနေ့ နံနက် ၁၁ နာရီခန့်တွင် တောင်ငူ-သံတောင်လမ်း ၇ မိုင်ရှိ အကြမ်းဖက် စစ်တပ် စခန်းက ၆၀ မမ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ရမ်းသမ်း ပစ်ခတ်ခဲ့သောကြောင့် ကျောက်တိုင်ရွာအနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိူသား ၁ ဦး လက်နက်ကြီး ကျည်စ ထိမှန် ဒဏ်ရာရရှိကြောင်း၊ တောင်င-သံတောင် လမ်းပိုင်းရှိ အကြမ်းဖက် စစ်တပ် စခန်း နှင့် ဂိတ်များက နေ့စဉ်လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခြင်းကြောင့် ပြည်သူများ စိုးရိမ် ထိပ်လန့်စွာ သွားလာ လှုပ်ရှားနေထိုင်နေရကြောင်း သိရသည်။

ထို့ပြင် ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ သူဌေးရေအားလျှပ်စစ်စီမံကိန်း အနီးရှိ တောင်တန်းများကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ပစ်ခတ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် သံတွဲမြို့နယ် သူဌေးရေအား လျှပ်စစ် စီမံကိန်း အနီးရှိ တောင်တန်းများကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ၁၀ ကြိမ်ခန့် ပစ်ခတ်နေခြင်းကြောင့် တောင်တန်းများတွင် မီးလောင်နေပြီး အနီးအနားရှိ မန်ကျည်းချောင်ရွာ ထိပ်တွင်လည်း ပေါက်ကွဲမှုများရှိကြောင်း သိရသည်။

“ဒီနေ့ ၁ နာရီဝန်းကျင်လောက်က သံတွဲနယ် သူဌေးရေအား လျှပ်စစ် အနီးက တောင်တန်းတွေကို စစ်ခွေးတွေက လေယာဉ်နဲ့ ပတ်ပစ်နေတာ ၁၀လုံးဝန်းကျင်ရှိတယ်။ တချို့တောင်တန်းတွေ မီးလောင်နေတယ်။ အနီးအနားက မန်ကျည်းချောင်ရွာထိပ်မှာလည်း ပေါက်ကွဲတာတွေရှိတယ်” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #တောင်ငူမြို့နယ် #သံတွဲမြို့နယ် #စစ်တပ်က လေကြောင်း

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article