31 C
Yangon

တရုတ်စစ်တပ်က မြန်မာနယ်စပ်တွင် လေကြောင်းရန် ကာကွယ်ရေး၊ ကြိုတင်သတိပေးခြင်း နှင့် ပြန်လည်တိုက်ခိုက်ခြင်းဆိုင်ရာ စစ်ရေးလေ့ကျင်မှုကို ကြည်းတပ်နှင့် လေတပ်ပူးပေါင်းပြုလုပ်

Must read

တရုတ်စစ်တပ်က မြန်မာနယ်စပ်တွင် လေကြောင်းရန် ကာကွယ်ရေး၊ ကြိုတင်သတိပေးခြင်း နှင့် ပြန်လည်တိုက်ခိုက်ခြင်းဆိုင်ရာ စစ်ရေးလေ့ကျင်မှုကို ကြည်းတပ်နှင့် လေတပ်ပူးပေါင်းပြုလုပ်

■ တရုတ်-မြန်မာနယ်စပ်တွင် တတိယအကြိမ်မြောက် စစ်ရေးလေ့ကျင်မှုဖြစ်

ရန်ကုန်၊ ဧပြီ ၁၇

တရုတ်စစ်တပ်က မြန်မာနယ်စပ်တွင် လေကြောင်းရန်ကာကွယ်ရေး၊ ကင်းထောက်၊ ကြိုတင်သတိပေးခြင်း နှင့် ပြန်လည်တိုက်ခိုက်ခြင်း စစ်ရေးလေ့ကျင်မှုကို မြေပြင်ကြည်းတပ်နှင့် လေတပ်များက ယနေ့ စတင် ပြုလုပ်ကြောင်း တရုတ်စစ်တပ်က တရားဝင်ထုတ်ပြန်ကြေညာသည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံနယ်စပ်တစ်လျှောက် ဒုတိယအကြိမ်မြောက် ပစ်ခတ်မှုဆိုင်ရာ စစ်ရေးလေ့ကျင့်မှုကို ဧပြီလဆန်းပိုင်းတွင် ပြုလုပ်ခဲ့သော်လည်း ယနေ့တွင် ထပ်မံ၍ တတိယအကြိမ်မြောက် လေ့ကျင့်မှုကို ထပ်မံဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အဆိုပါ တတိယအကြိမ်​မြောက် စစ်ရေး လေ့ကျင့်မှုကို မြန်မာနိုင်ငံတွင် ဆိုးရွားလာသော လုံခြုံရေးအခြေအနေအပေါ် တရုတ်အစိုးရ၏ စိုးရိမ်ပူပန်မှုများ မြင့်တက်လာမှုကို ပြသနေကြောင်း တရုတ်သတင်းများ ရေးသားဖော်ပြနေကြသည်။

ယနေ့ ဧပြီလ ၁၇ ရက်နေ့ စတင်ခဲ့သော အဆိုပါ စစ်ရေးလေ့ကျင့်မှုကို PLA ၏ တောင်ပိုင်းတပ်၏ကွပ်ကဲမှုအဖွဲ့က စီစဉ်ခဲ့ခြင်းဖြစ်ပြီး မြေပြင်နှင့် လေတပ်များ ပါဝင်သော တိုက်ရိုက်ပစ်ခတ်မှု လေ့ကျင့်မှုဖြစ်ကြောင်း ၊ အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် “လေကြောင်းရန်ကာကွယ်ရေး၊ ကင်းထောက်ခြင်း၊ ကြိုတင်သတိပေးခြင်း၊ နှင့် ပြန်လည်တိုက်ခိုက်တွန်းလှန်ခြင်း” တို့ပါဝင်ကြောင်း သိရှိရသည်။

“တရုတ်တပ်ဖွဲ့များအနေဖြင့် အရေးပေါ်အခြေအနေအမျိုးမျိုးကို အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ရန် ပြင်ဆင်ထားပြီး နိုင်ငံတော်၏ အချုပ်အခြာအာဏာ၊ နယ်စပ်တည်ငြိမ်ရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးတို့ကို ပြတ်ပြတ်သားသား ကာကွယ်စောင့်ရှောက်မည်” ဟု တရုတ်စစ်တပ်၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ မြောက်ပိုင်းတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေချိန် တရုတ်-မြန်မာ နယ်စပ်တလျှောက် တရုတ်စစ်တပ်က စစ်ရေးလေ့ကျင့်မှုများကို ဧပြီလဆန်းပိုင်းက ဆောင်ရွက်ခဲ့ပြီဖြစ်သော်လည်း ယခုထပ်မံ၍ စစ်ရေးလေ့ကျင့်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

ယခုလအစောပိုင်းက စစ်တပ်အာဘော် PLA Daily က တရုတ်-မြန်မာနယ်စပ်ဒေသ၏ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို မြန်မာနိုင်ငံမှ တိုက်ပွဲများက ပြင်းထန်စွာ ခြိမ်းခြောက်ခဲ့ပြီး တရုတ်စစ်တပ် အနေဖြင့် တရုတ်ပြည်သူများ၏ ဘေးကင်းရေးကို ကာကွယ်ရန်အတွက် လိုအပ်သော အစီအမံအားလုံးကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တရားဝင် ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံတွင် အပစ်အခတ်ရပ်စဲရေးအတွက် တရုတ်နိုင်ငံက ထပ်ခါတလဲလဲ တောင်းဆိုခဲ့ပြီး “သက်ဆိုင်ရာအဖွဲ့များအနေဖြင့် ထိန်းထိန်းသိမ်းသိမ်းဖြင့် တွေ့ဆုံဆွေးနွေးရေးနှင့် စေ့စပ်ညှိနှိုင်းရေးမှတစ်ဆင့် ပြဿနာများကို ဆက် လက်ဖြေရှင်းရန်” တရုတ်နိုင်ငံက တောင်းဆိုထားသည်။

မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ကီလိုမီတာ ၂၀၀၀ (မိုင် ၁၂၄၀) ဝန်းကျင်ရှိ တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် မြန်မာဘက်မှ ပစ်ခတ်မှုများကြောင့် လူအများအပြား ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီ၏ လေကြောင်း ပစ်ခတ်မှု ကြောင့် ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article