28 C
Yangon

ဟားခါးတွင် စစ်သား ၃ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်သဖြင့် တစ်ဦးလျှင် ငွေကျပ် သိန်း ၅၀ စီ ဆုချီး မြှင့်

Must read

ရန်ကုန်၊ ဧပြီ ၁၈

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် စစ်သား ၃ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင် လာသောကြောင့် တစ်ဦးလျှင် ငွေကျပ် သိန်း ၅၀ ဆုချီးမြှင့်ခဲ့ကြောင်း CDF-Hakha က ပြောဆိုသည်။

အဆိုပါ စစ်သား ၃ ဦးသည် အကြမ်းဖက် စစ်ကောင်စီ လက်အောက်တွက် ဆက်လက် တာဝန်မထမ်းဆောင်လိုသောကြောင့် သေနတ် ၃ လက်၊ ကျည် နှင့် ဗုံးသီးများ ယူလာပြီး အလင်းဝင်လာခြင်းဖြစ်ကြောင်း သိရသည်။

အလင်းဝင်လာသော စစ်သား ၃ ဦးကို ဧပြီ ၁၇ ရက်နေ့တွင် CDF-Hakha က တစ်ဦးလျှင် ငွေကျပ် သိန်း ၅၀ ဆုချီးမြှင့်ခဲ့ကြောင်း၊ ဆက်လက်၍ အလင်းဝင်လိုသော စစ်ကောင်စီ တပ်သာများကို နွေးထွေးစွာ ကြိုဆိုနေပြီး နေရာထိုင်ရေးနှင့် လွတ်မြောက် နယ်မြေများကို ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း CDF-Hakha က ထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #လက်နက်ခဲယမ်းများ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article