37 C
Yangon

မြန်မာစစ်သားနှင့်နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၄၆ ဦး ဘင်္ဂလားဒေ့ရှ်သို့ ထပ်မံထွက် ပြေးပြီး စစ်ပြေး စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း ၂၆၀ ဦးကို ဘင်္ဂလားဒေ့ရှ်က ဖမ်းဆီးထိန်း သိမ်းထားရ

Must read

ရန်ကုန်၊ ဧပြီ ၁၈

အကြမ်းဖက်စစ်တပ်မှ စစ်သားနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၄၆ ဦးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထပ်မံ ထွက်ပြေးပြီး စစ်ပြေး စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း ၂၆၀ ဦးကို ဘင်္ဂလားဒေ့ရှ်က ဖမ်းဆီး ထိန်းသိမ်းထားရကြောင်း ဘင်္ဂလားဒေ့ရှ်က သတင်းထုတ်ပြန်သည်။

ဧပြီလ ၁၆ ရက်နေ့နှင့် ဧပြီလ ၁၇ ရက်နေ့တို့တွင် မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ရဲ တပ်ဖွဲ့ဝင် ၄၆ ဦးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နယ်စပ်ဖြတ်ကျော်ထွက်ပြေးလာကြောင်း၊ ရခိုင်ပြည်နယ်တွင် AA နှင့်တိုက်ပွဲများကြောင့် မြန်မာစစ်တပ်နှင့်နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၂၆၀ ဦးသည် နယ်စပ်ဖြတ်ကျော်၍ ဘင်္ဂလားဒေ့ရှ်ထဲသို့ ဝင်ရောက်လာသဖြင့် ဖမ်းဆီး ထိန်းသိမ်းထားရကြောင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှ ပြောရေးဆိုခွင့်ရှိသူ Md Shariful Islam က ပြောဆိုသည်။

ဧပြီလ ၁၆ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၈ ဦး၊ ဧပြီလ ၁၅ ရက်နေ့တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၁၄ ဦး နှင့် စစ်သား ၂ ဦး သည် နယ်စပ်ကိုဖြတ်၍ ဘင်္ဂလားဒေ့ရှ်ထဲသို့ ဝင်ရောက်ခဲ့ကြကြောင်း၊ ဧပြီလ ၁၄ ရက်နေ့ ဘင်္ဂလားဒေ့ရှ်စံတော်ချိန် ည ၁၁ နာရီ ၃၀ မိနစ်အချိန်တွင် မြန်မာနယ်ခြားစောင့် တပ်ဖွဲ့ဝင် ၅ ဦးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း၊ မတ်လ ၃၀ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးကလည်း ကောင်း၊ မတ်လ ၁၁ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇၇ ဦးကလည်း ကောင်း အသီးသီး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ ထွက်ပြေး ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ ဒုတိယအသုတ်အဖြစ် ထွက်ပြေးလာသော စစ်ကောင်စီ တပ်ဖွဲ့ဝင် စုစုပေါင်း ၂၆၀ ဦး ရှိနေပြီဖြစ်ကြောင်း ၊ ယခုနှစ်ဆန်းပိုင်းတွင် ပထမအသုတ်အဖြစ် မြန်မာစစ်ကောင်စီတပ်ဖွဲ့ဘက်မှ တပ်ဖွဲ့ဝင် ၃၃၀ ဦး ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ကြပြီး ၎င်းတို့အားလုံးကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပို့ဆောင်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ – ယခုနှစ်ဆန်းပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပထမဦးဆုံး အသုတ်အဖြစ် ထွက်ပြေးခဲ့ကြသည့် မြန်မာအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၃၀ ဦးအနက်မှ တချို့။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #မြန်မာစစ်သားနှင့်နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် #စစ်ပြေး စစ်ကောင်စီ #ဘင်္ဂလားဒေ့ရှ်က ဖမ်းဆီးထိန်းသိမ်း

ယခုနှစ်ဆန်းပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပထမဦးဆုံး အသုတ်အဖြစ် ထွက်ပြေးခဲ့ကြသည့် မြန်မာအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၃၀ ဦးအနက်မှ တချို့။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article