31 C
Yangon

ချောင်းဦးမြို့ ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံး

Must read

ချောင်းဦးမြို့ ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၁၈

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံးခဲ့ကြောင်း လျှပ်စီးတပ်ခွဲ (မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း၊ တပ်ခွဲ-၃) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၁၇ ရက်နေ့ ၁၀ နာရီ ၁၉ မိနစ်ခန့်တွင် ချောင်းဦးမြို့ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်း ၃ စီးဖြင့် ဗုံးသီး ၁၁ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း ရဲစခန်းကို တော်လှန်ရေး ရဲဘော်များက ဒရုန်းဖြင့် ဗုံးသီးများချ၍ တိုက်ခိုက်နေစဉ် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့သော်လည်း ဒရုန်း ၁ စီး ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄ ဦး သေဆုံးခဲ့သည်ဟု ယနေ့ ဧပြီလ ၁၈ ရက်နေ့တွင် အတည်ပြုနိုင်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုကို လျှပ်စီးတပ်ခွဲ ( မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း၊ တပ်ခွဲ-၃) ၊ ရန်ရှင်းဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မုံရွာခရိုင် အမှတ် – ၈ တပ်ရင်းနှင့် မီးတောက်တပ်ခွဲ (မုံရွာခရိုင် အမှတ်- ၁၂ တပ်ရင်း ၊ တပ်ခွဲ -၄) တို့မှ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article