28 C
Yangon

မြစ်ကြီးနားထောင်မှ ပြန်လွတ်သော KBC ဥက္ကဋ္ဌ ဟောင်း ဒေါက်တာဆလမ်ဆမ်ဆွန်ကို ညသန်းခေါင်ယံအချိန် စစ်တပ်က ပြန်ဖမ်း

Must read

မြစ်ကြီးနားထောင်မှ ပြန်လွတ်သော KBC ဥက္ကဋ္ဌ ဟောင်း ဒေါက်တာဆလမ်ဆမ်ဆွန်ကို ညသန်းခေါင်ယံအချိန် စစ်တပ်က ပြန်ဖမ်း

ရန်ကုန်၊ ဧပြီ ၁၈

အကြမ်းဖက်စစ်ကောင်စီ၏ မြစ်ကြီးနား အကျဉ်းထောင်တွင် ထောင်ဒဏ် ၆ နှစ် မတရား ပြစ်ဒဏ်ချမှတ်ခံထားရသော KBC ဥက္ကဋ္ဌ ဟောင်း ဒေါက်တာဆလမ်ဆမ်ဆွန်သည် ယမန်နေ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် လွတ်မြောက်လာပြီးနောက် ယမန်နေ့ည သန်းခေါင်ယံအချိန်တွင် စစ်တပ်က ပြန်လည် ဖမ်းဆီးသွားကြောင်း မိသားစုနှင့်နီးစပ်သော သတင်းရင်းမြစ်က ပြောဆိုသည်။

“ညဘက်ကြီး ပြန်လာခေါ်သွားတယ်။ စစ်ကားတွေအများကြီးနဲ့ကို လာခေါ်သွားတာ။ ဖမ်းတာလားဆိုတော့ ဖမ်းတယ်လို့တော့ မပြောဘူး။ ဆွေးနွေးစရာရှိတယ်ဆိုပြီး ခေါ်သွားတာ။ အခုဒီမနက်အထိတော့ ပြန်မလွှတ်ပေးသေးဘူးလို့ သိရတယ်” ဟု မိသားစုနှင့်နီးစပ်သော သတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ဒေါက်တာဆလမ်ဆမ်ဆွန်ကို မတရားအသင်း ဥပဒေ ပုဒ်မ၁၇(၁)ဖြင့် ထောင်ဒဏ် ၂ နှစ်၊ ၅၀၅(က)ဖြင့် ထောင်ဒဏ် ၁ နှစ်၊ အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မ ၅၂(က)ဖြင့် ထောင်ဒဏ် ၃ နှစ် စုစုပေါင်း ၆ နှစ်အထိ ၂၀၂၃ ဧပြီလတွင် ချမှတ်ခဲ့ပြီး မြစ်ကြီးနား အကျဉ်းထောင်တွင် ချုပ်နှောင်ထားခဲ့ခြင်းဖြစ်သည်။

ဒေါက်တာဆလမ်ဆမ်ဆွန်သည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့ ထိုင်းနိုင်ငံသို့ သွားရောက်ရန် မန္တလေး လေဆိပ်တွင် လေယာဉ်စောင့်ဆိုင်းနေချိန် စစ်ကောင် စီ တပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးသွားခဲ့ပြီးနောက် ထောင်သွင်းအကျဉ်းချခံရခြင်းဖြစ်သည်။

ဓာတ်ပုံ- ယမန်နေ့ မြစ်ကြီးနား အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာသော ဒေါက်တာဆလမ်ဆမ်ဆွန်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article