28 C
Yangon

နတ်တလင်းမြို့နယ်တွင် ဆိုင်ကယ် ၈ စီးဖြင့် ကင်းလှည့်နေသော စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်

Must read

နတ်တလင်းမြို့နယ်တွင် ဆိုင်ကယ် ၈ စီးဖြင့် ကင်းလှည့်နေသော စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်

ရန်ကုန်၊ ဧပြီ ၁၈

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် ဆိုင်ကယ် ၈ စီးဖြင့် ကင်းလှည့်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း တပ်ရင်း ၃၈၀၁ တပ်ခွဲ ၃ (နတ်စစ်သည်တပ်ဖွဲ့) ခေါင်းဆောင်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဧပြီလ ၁၈ ရက်နေ့ မွန်းလွဲ ၁၁ နာရီခန့်တွင် ပျဉ်ပုံရွာမှ ဆိုင်ကယ် ၈ စီးဖြင့် ထွက်လာသော စစ်သားနှင့် ပျူစောထီးများကို နတ်တလင်းမြို့ နတ်စစ်သည် အဖွဲ့က လယ်မအင်းကျေးရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက် သေဆုံးမှု ရှိနိုင်ကြောင်း သိရသည်။

“ကင်းပတ်တဲ့ စစ်ခွေးနဲ့ ပျူခွေးတွေပါ။ ဆိုင်ကယ် ၈ စီးနဲ့ ကင်းပတ်လာတာ ၃ စီးက ပျူခွေးတွေ ၅ စီးက စစ်ခွေးတွေ ပျဉ်ပုံရွာက ပျူခွေးနဲ့ စစ်ခွေးတွေ ရွာတွေလှည့်ပြီး ကင်းပတ်သလိုနဲ့ ပြည်သူတွေကို အကြောက်တရားပေးနေတဲ့ကောင်တွေပါ။ မိုင်း ၆ လုံးကို ၅ လုံးကွဲပြီး ဆိုက်ကယ် ၅ စီးထိတယ်။ သေဆုံးမှုရှိနိုင်ပေမယ့် အသေအပျောက် စာရင်းတော့မသိရသေးဘူး” ဟု တပ်ရင်း ၃၈၀၁ တပ်ခွဲ ၃ (နတ်စစ်သည်တပ်ဖွဲ့) ခေါင်းဆောင်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article