28 C
Yangon

ဘီးလင်းမြို့နယ်တွင် နတ်ကြီးကျေးရွာအုပ်ချုပ်ရေးမှူး တင်ငြိမ်း လုပ်ကြံခံရမည်စိုးရိမ်၍ စစ်တပ်ထဲတွင် ညအိပ်ပြီး မနက်ပိုင်း လက်ဖက်ရည်ဆိုင် ထွက်ထိုင်စဉ် ပစ်ခတ်ခံရပြီး သေဆုံး

Must read

ဘီးလင်းမြို့နယ်တွင် နတ်ကြီးကျေးရွာအုပ်ချုပ်ရေးမှူး တင်ငြိမ်း လုပ်ကြံခံရမည်စိုးရိမ်၍ စစ်တပ်ထဲတွင် ညအိပ်ပြီး မနက်ပိုင်း လက်ဖက်ရည်ဆိုင် ထွက်ထိုင်စဉ် ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဧပြီ ၁၈

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် စစ်မှုထမ်း ဥပဒေဖြင့် စစ်သား စုဆောင်းနေသော နတ်ကြီးကျေးရွာအုပ်ချုပ်ရေးမှူး တင်ငြိမ်းသည် စစ်တပ်ထဲတွင် ညအိပ်ပြီး မနက်ပိုင်း လက်ဖက်ရည်ဆိုင် ထွက်ထိုင်စဉ် ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဧပြီလ ၁၈ ရက်နေ့ နံနက် ၆ နာရီခွဲအချိန် ဘီးလင်းမြို့နယ်၊ နတ်ကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တင်ငြိမ်းက စစ်မှုထမ်းဥပဒေဖြင့် စစ်သားသစ် စုဆောင်းရေးအတွက် လက်ဖက်ရည်ဆိုင်တွင် ထိုင်၍ သူ့လက်အောက်ငယ်သား ရာအိမ်မှူးများကို ပြောဆို ခိုင်းစေနေစဉ် တော်လှန်ရေးတပ်သားတချို့က လာရောက်ပစ်ခတ်ခဲ့ကြောင်း၊ ပစ်ခတ်မှုကြောင့် သေနတ် ကျည် ချက် ထိမှန်၍ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။

ဘီးလင်းမြို့နယ်မှ နတ်ကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တင်ငြိမ်းသည် လုပ်ကြံခံရမည်ကိုစိုးရိမ်၍ ညတိုင်း စစ်တပ်ထဲတွင် သွားရောက် ညအိပ်ကြောင်း၊ မနက်ပိုင်းမှ တပ်ပြင်ထွက်၍ ရပ်ကွက်အုပ်ချုပ်ရေးနှင့် စစ် သားစုဆောင်းရေး လုပ်ကိုင်သူဖြစ်ကြောင်း သိရှိရသည်။

“မွန်ပြည်နယ် ဘီးလင်းမြို့ နတ်ကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဒီမနက် ၆ နာရီခွဲမှာ အပစ်ခံရတယ်။ သေနတ်နဲ့ ၆ ချက် ပစ်သွားတာ။ သူက လူမုန်းလည်း တော်တော်များတဲ့အုပ်ကြီး။ ပြည်သူတွေဆီက ပိုက်ဆံတအားကောက်လို့ သူ့ကို မုန်းကြတာ။ သူက သေမှာကြောက်လို့ ညဆို တပ်ထဲမှာ ပဲညအိပ်တာ။ အခု ဒီမနက် တပ်ထဲက ထွက်ပြီး လက်ဖက်ရည်ထွက်သောက်တာမှာ ပစ်ခံထိတာ။အခု နတ်ကြီး တစ်ရွာလုံးကို စစ်တပ်က ပိတ်ဆို့ စစ်ဆေးနေ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

နတ်ကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တင်ငြိမ်းသည် သေဆုံးချိန်တွင် အသက် ၅၉ နှစ်ရှိနေပြီဖြစ်ပြီး ဇနီးနှင့်သားသမီး မြေးများ ကျန်ရစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယခုရက်ပိုင်းအတွင်း ပစ်ခတ်ခံရ၍ သေဆုံးသွားသော ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article