28 C
Yangon

ဆီဆိုင်-လွိုင်ကော်လမ်းပေါ်တွင် ဆိုင်ကယ်ဖြင့်သွားနေသော ပြည်သူ ၂ ဦးကို စစ်တပ်ပစ်သတ်မှု ၁ ဦးသေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၁၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ လွိုင်ကော်- ဆီဆိုင်လမ်းပေါ်တွင် ဆိုင်ကယ်ဖြင့် သွားလာ နေသော ပြည်သူ ၂ ဦးကို အကြမ်းဖက်စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့ရာ တစ်ဦးသေဆုံးခဲ့ကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာနထံမှ သိရသည်။

ယမန်နေ့ ဧပြီလ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်အချိန်ဆီဆိုင်မြို့နယ်၊ ဖြီတခေါ့ကျေးရွာနေပြည်သူ ၂ ဦး သည် ဆိုင်ကယ်ဖြင့် ခရီးသွားလာရာ ပုံလောင်းကျေးရွာအနီးအရောက် အကြမ်းဖက်စစ်တပ် စစ် ကြောင်းနှင့် ထိပ်တိုက်တိုးပြီး စစ်ဆေးမေးမြန်းခြင်းမရှိပဲ ပစ်ခတ်သတ်ဖြတ်ခဲ့ရာ ရွာသားတစ်ဦး နေရာမှာ ပင်သေဆုံးခဲ့ကြောင်း၊ ကျန်ရွာသားတစ်ဦးမှာ ထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်း သိရ သည်။

ထိုသို့ ပစ်ခတ်ဖြတ်ခံရပြီး သေဆုံးသွားသော ပြည်သူ၏ ရုပ်လောင်းကိုလည်း အကြမ်းဖက်စစ်သား များက ပြန်လည် သယ်ယူခွင့်မပြုသေးကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန် ထားသည်။
ဓာတ်ပုံ-စစ်တပ်က ဖျက်ဆီးထားသော ဆီဆိုင်မြို့မြင်ကွင်းများ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ဆီဆိုင်-လွိုင်ကော်လမ်း

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article