37 C
Yangon

ထားဝယ်မြို့အဝင် စစ်ဆေးရေးဂိတ်တွင် စစ်သားများက လူငယ် ၁ ဦးကို ၀ိုင်းရိုက်မှု ဒဏ်ရာအပြင်းအထန်ရရှိပြီး လူငယ် ပျောက်ဆုံးနေ

Must read

ရန်ကုန်၊ ဧပြီ ၁၉

တနင်္သာရီတိုင်း၊ ထားဝယ်မြို့အဝင် စစ်ဆေးရေးဂိတ်ရှိ အကြမ်းဖက်စစ်သားများ၏ ရိုက်နှက်မှုကြောင့် အသက် ၂၅ နှစ်အရွယ် ကိုအောင်ထက်ပိုင် ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ပြီး ဒဏ်ရာများနှင့်အတူ ကိုအောင်ထက်ပိုင် ပျေက်ဆုံးနေကြောင်း ကိုအောင်ထက်ပိုင်၏ မိသားစုဝင်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဧပြီလ ၁၈ ရက်နေ့ နံနက် ၉ နာရီအချိန် ထားဝယ်မြို့ တောပိုင်းတွင် တံတားဆောက်လုပ်ရေး လုပ်ငန်းခွင်မှ ပြန်လာသည့် ကိုအောင်ထက်ပိုင်သည် ထားဝယ်မြို့အဝင် စစ်ဆေးရေးဂိတ်တွင် စစ်သားများနှင့် စကားပြော အဆင်မပြေဖြစ်ခဲ့ကြောင်း၊ ထို့နောက် အကြမ်းဖက်စစ်တပ်၏ တပ်မ ၆ မှ စစ်သားများက ဝိုင်းဝန်းရိုက်နှက်ခဲ့ခြင်း ဖြစ်ကြောင်း မိသားစုဝင်များက ပြောပြသည်။

“တပ်က လူငယ်ကို ရိုက်တာ။ မနက် ၉နာရီလောက်အရိုက်ခံရပြီး ကားနဲ့ ပြန်လာသေးတယ်။ ပြီးမှ နေရပ်ဖြစ်တဲ့ ကျီးသဲမြို့ကို ပြန်လာသွားတယ်ဆိုပြီး ပျောက်သွားတာ။ မုဒုံမြို့ Kyaw San ဆီဆိုင်မှာ ဆီဖြည့်တော့မှ ဒဏ်ရာအရှိန်ကြောင့် ကြောင်ပြီး ထွက်ပြေးသွားတာပါ”ဟု မိသားစုဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အကြမ်းဖက်စစ်သားများ၏ ရိုက်နှက်မှု ခံရသူ ကိုအောင်ထက်ပိုင်သည် ပဲခူးတိုင်း ရွှေတောင်မြို့နယ် ကျီးသဲမြို့မှ ဖြစ်ပြီး ထားဝယ်မြို့တွင် သွားရောက်အလုပ်လုပ်ကိုင်နေသူ ဖြစ်ကြောင်း၊ ရိုက်နှက်ခံရပြီးချိန်တွင် ကျီးသဲမြို့သို့ ပြန်လာခဲ့ပြီး လမ်းတွင် ပျောက်ဆုံးသွားခြင်း ဖြစ်ကြောင်း မိသားစုဝင်များက ပြောဆိုသည်။

ကိုအောင်ထက်ပိုင်သည် ရိုက်နှက်ခံရသည့် ဒဏ်ရာအရှိန်ကြောင့် ထွက်ပြေးသွားရာမှ လက်ရှိအချိန်အထိ နေရပ်သို့ ပြန်မရောက်သေးဘဲ ပျောက်ဆုံးနေကြောင်း၊ လိုက်လံစုံစမ်းသော်လည်း ပြန်မတွေ့သေးသည့်အတွက် မိသားစုဝင်များမှာ စိုးရိမ်ပူပန်လျက်ရှိကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ထားဝယ်မြို့အဝင် စစ်ဆေးရေးဂိတ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article