33 C
Yangon

ကော့ကရိတ်တွင် ယနေ့ ဖြစ်ပွားသော တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဘက်မှ စစ်သား ၃၀ နှင့် ၄၀ အကြားသေဆုံး၊ စစ်တပ်က မီးလောင်ဗုံးများအသုံးပြုပြီး နေအိမ်များကို မီးရှို့

Must read

ကော့ကရိတ်တွင် ယနေ့ ဖြစ်ပွားသော တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဘက်မှ စစ်သား ၃၀ နှင့် ၄၀ အကြားသေဆုံး၊ စစ်တပ်က မီးလောင်ဗုံးများအသုံးပြုပြီး နေအိမ်များကို မီးရှို့

■ စစ်တပ်က အင်အား၈၀၀ ဖြင့် ကော့ကရိတ်ပြန်ရ တပ်စွဲရေး ကြိုးပမ်းနေပြီး တော်လှန်ရေးတပ်များက ဖြတ်တောက် တိုက်ခိုက်ထားနိုင်

ရန်ကုန်၊ ဧပြီ ၁၉

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် ယနေ့ ဖြစ်ပွားသော တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ ကော့ကရိတ်တွင် ယနေ့ ဖြစ်ပွားသော တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဘက်မှ စစ်သား ၃၀ နှင့် ၄၀ အကြားသေဆုံးပြီး စစ်တပ်က မီးလောင်ဗုံးများအသုံးပြုကာ နေအိမ်များကို မီးရှို့မှုများ လုပ်ဆောင်ကြောင်း ကျားဖြူစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၁၉ ရက်နေ့ နံနက်ပိုင်းမှစတင်ပြီးကော့ကရိတ်မြို့နယ် ၁၀ နေရာထက်မနည်းတွင် စစ်တပ်နှင့်တော်လှန်ရေးတပ်များ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ၊ စစ်တပ်ဘက်မှ သေဆုံးသည့် အရေအတွက် ၃၀ နှင့် ၄၀ အကြားရှိကြောင်း၊ တော်လှန်ရေးတပ်ဘက်မှလည်း သေဆုံးထိခိုက်မှုများရှိပြီး အရေအတွက်အားဖြင့် နည်းပါးကြောင်း၊ စစ်တပ်က မီးလောင်ဗုံးများ အသုံးပြုပြီး အထူးသဖြင့် မြင်ကွင်းမရှင်းသော နေရာများကို စစ်တပ်က မီးလောင်ဗုံးများဖြင့် ကျဲ ချမီးရှို့ကြောင်း ၎င်းက ဆိုသည်။

“ဒီနေ့ တိုက်ပွဲဖြစ်တာက ကော့ကရိတ် ၁၀ နေရာလောက်မှာဖြစ်တယ်။ စစ်တပ်ဘက် အနည်းဆုံး ၃၀ ကနေ ၄၀ အကြား သေတယ်။ ကျနော့်စစ်ကြောင်းမှာလည်း မနေ့က ၁ ဦး ကျပါတယ်။ ၄ ဦးဒဏ်ရာရတယ်။ ဒီနေ့လည်း ၄ ဦးဒဏ်ရာရတယ်။ အခြား စစ်ကြောင်းတွေမှာလည်း ကျဆုံးတာနဲ့ ထိခိုက်တာတွေရှိပါတယ်” ဟု ကျားဖြူစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

လတ်တလော စစ်ကောင်စီက ကော့ကရိတ်ကို အခြေပြု၍ မြ၀တီကို ပြန်လည် သိမ်းပိုက်ရန် ကြိုးစားနေကြောင်း၊ ကော့ကရိတ်သို့ စစ်ကူ အင်အား ၅၀၀ နီးပါး တက်လာပြီး ကော့ကရိတ် မြို့စောင့်တပ် ခလရ ၉၇ တွင်လည်း စစ်အင်အား ၃၀၀ ရှိနေကြောင်း ၊ ထို့ကြောင့် ကော့ကရိတ်တွင် စစ်အင်အား ၈၀၀ အလုံးအရင်းဖြင့် ထိုးစစ်ဆင်ပြီး မြို့ကို ပြန်လည် သိမ်းယူ အခြေပြုရန် ကြိုးစားနေကြောင်း၊ သို့ရာတွင် တော်လှန်ရေးတပ်များက အစွမ်းကုန် ပိတ်ဆို့ ဖြတ်တောက် တားဆီးခုခံနေကြောင်း ၎င်းက ရှင်းပြသည်။

“ကော့ကရိတ်ဂွင်ကို ကျနော်တို့ တပ်ပေါင်းစုတွေက ဖြတ်တောက်တားဆီးနေတယ်။ အပေါ်ဘက်ကို ဗိုလ်ဒါဘောက တာဝန်ယူထားတယ်။ အစွမ်းကုန် ကျနော်တို့ တိုက်ခိုက်နေပါတယ်။ စစ်တပ်ဘက်ကတော့ သေဆုံးမှုများနေတယ်။ ကိုယ့်ဘက်မှာလည်း အထိအခိုက်သေဆုံးမှု တချို့တော့ရှိပါတယ်” ဟု

လက်ရှိ နေ့စဉ် တိုက်ပွဲများ ပြင်းထန်နေရာတွင် စစ်ကောင်စီက မီးလောင်ဗုံးများ အသုံးပြု ဗုံးကျဲကြောင်း၊ လေကြောင်းတိုက်ခိုက်မှုများလည်း အဆက်မပြတ်လုပ်ဆောင်နေကြောင်းကျားဖြူစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းက ရှင်းပြသည်။

မြ၀တီသို့ စစ်ကူသွားရန် ကြိုးစားနေသော စစ်တပ်စစ်ကြောင်းမှာလည်း အထိနာပြီး ကော့ကရိတ်ဘက်သို့ ပြန်လည် ဆုတ်ခွာ လာနေသော သတင်းများရရှိထားသော်လည်း အခြေအနေ အသေးစိတ် မသိရှိရသေးကြောင်း ၊ ကျုုံဒိုးဘက်တွင်လည်း တိုက်ပွဲများ ပြင်းထန်နေကြောင်း စစ်ရေး သတင်းရင်းမြစ်များထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article