39 C
Yangon

ညောင်ဦးမြို့နယ်တွင် စစ်မှုထမ်း ဥပဒေဖြင့် လူစုဆောင်းနေသာ တောပြားကျေးရွာ အုပ်ချုပ်ရေးမှူး တိုင်းကျော် ဦးဆောင်သော အဖွဲ့ ဖဲရိုက်နေစဉ် ပစ်ခတ်ခံရပြီး အုပ်ချုပ်ရေးမှူး အပါအဝင် ၂ ဦးသေဆုံး

Must read

ညောင်ဦးမြို့နယ်တွင် စစ်မှုထမ်း ဥပဒေဖြင့် လူစုဆောင်းနေသာ တောပြားကျေးရွာ အုပ်ချုပ်ရေးမှူး တိုင်းကျော် ဦးဆောင်သော အဖွဲ့ ဖဲရိုက်နေစဉ် ပစ်ခတ်ခံရပြီး အုပ်ချုပ်ရေးမှူး အပါအဝင် ၂ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၂၀

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တွင် စစ်မှုထမ်း ဥပဒေဖြင့် လူစုဆောင်းနေသာ တောပြားကျေးရွာ အုပ်ချုပ်ရေးမှူး တိုင်းကျော် ဦးဆောင်သော အဖွဲ့ ဖဲရိုက်နေစဉ် ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ရာ အုပ်ချုပ်ရေးမှူး အပါအဝင် ၂ ဦးသေဆုံးခဲ့ကြောင်း ညောင်ဦးမြို့နယ် အထူးချေးမှူန်းရေးတပ် (ပုဂံ စစ်သည်) တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဧပြီလ ၁၉ ရက် ညနေ ၅ နာရီ မိနစ် ၃၀ အချိန်ခန့်က ညောင်ဦးမြို့နယ်၊ တောပြားကျေးရွာ အနီးရှိ ပြည်သူ့ရေစင်ရုံး အတွင်း၌ တောပြားကျေးရွာ အုပ်ချုပ်ရေးမှူး တိုင်းကျော် အပါအဝင် ပျူစောထီးများ စုဝေး၍ ဖဲရိုက်နေစဥ် ညောင်ဦးမြို့နယ် အထူး ချေမှုန်းရေးတပ်ဖွဲ့ဝင်များက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အုပ်ရေးမှူး တိုင်းကျော်နှင့် တပည့်ဖြစ်သူ သိန်းနိုင်တို့ သေဆုံးခဲ့ပြီး ကျန်ပျူစောထီး ၃ ဦးအပြင်းအထန်ဒဏ်ရာဖြင့် ညောင်ဦး ဆေးရုံကို ပို့ဆောင်ထားကြောင်း သိရသည်။

သေဆုံးသွားသော တောပြားကျေးရွာ အုပ်ချုပ်ရေးမှူး တိုင်းကျော်သည် ပျူစောထီးခေါင်းဆောင် ၁ ဦးဖြစ်ပြီး အကြမ်းဖက် စစ်တပ်မှ နှုတ်ထွက်ထားသူ ဖြစ်ကြောင်း၊ ကျေးရွာအတွင်း အတင်းအဓမ္မစစ်သား စုဆောင်းနေသူလည်း ဖြစ်ကြောင်း၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက် နယ် မြေတကြောတွင် အဆိုးဝါးဆုံး ပျူစောထီး ခေါင်းဆောင် တစ်ဦး ဖြစ်ကြောင်း၊ ၎င်း၏ သတင်းပေးတိုင်ကြားမှု ကြောင့် ပြည်သူ့ကာကွယ်ရေး ရဲဘော်အချို့ ဖမ်းဆီးခံ ရခြင်း၊ PDF ယာယီစခန်းစီးနင်းတိုက်ခိုက်ခံရခြင်းတို့ရှိပြီး PDF တပ်ဖွဲ့ဝင်အချို့ သတ်ဖြတ်ခံရမှုများ လည်းရှိကြောင်း သိရသည်။

“အဲဒီရွာက ပျူရွာတော့မဟုတ်ဘူး၊ သူတို့အုပ်စုလေးပဲ ပျူလုပ်နေကြတာ။ လက်နက်တော့ ရှိတယ်၊ သူတို့လက်နက်က ညပတ်တဲ့အချိန်ပဲ ကိုင်တာ၊ သူတို့က အင်အား ၃၀ လောက်ရှိတယ်၊ ညဘက်ဆို ရင် သူတို့ဘက်က အင်အားသာလို့ သူတို့အားနည်းတဲ့အချိန် အလစ်အငိုက်ဝင်တိုက်ခဲ့တာပါ။ သေ သွားတဲ့ ပျူခေါင်းဆောင် တိုင်းကျော်က ငါ့သရောက်နယ်မြေမှာ အဆိုးဆုံးပဲ၊ သူပြီးရင် ပြီးတယ်၊ ငါ့သ ရောက်ရဲစခန်းက ရဲတွေဆို သူ့ကို ကြောက်နေရတာ၊ တစ်ခုခုဆိုရင် သူက G1 တိုင်တာ။အဲနားရွာတွေ အကုန် သူက ဘုရင်ပဲ” ဟု ညောင်ဦးမြို့နယ် အထူးချေးမှူန်းရေးတပ် (ပုဂံ စစ်သည်) တပ်ဖွဲ့မှ တာ ဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ပုဂံပြည်ဘီလူးတပ် (ညောင်ဦးမြို့နယ် ပကဖ)၊ ရန်ကြီးအောင်ပျောက်ကြား တပ်ဖွဲ့၊ ညောင်ဦးခရိုင် တပ်ရင်း ၅ တပ်ခွဲ ၁ ၊ ညောင်ဦးခရိုင် တပ်ရင်း ၅ တပ်ခွဲ ၂ နှင့် (ရဲဘော်ညီ နောင် ပြောက်ကြားတပ်) တို့ ပူးပေါင်းကာ လေ့ကျင့်ဖွဲ့စည်းထား သော ညောင်ဦးမြို့နယ် အထူး ချေးမှူန်းရေးတပ် (ပုဂံ စစ်သည်) ရဲဘော်များက တိုက်ခိုက် ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #တောပြားကျေးရွာ အုပ်ချုပ်ရေးမှူး တိုင်းကျော် #ဖဲရိုက်နေစဉ် ပစ်ခတ်ခံရ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article