30 C
Yangon

လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကလေး ၂ ဦးအပါအဝင် ပြည်သူ ၆ ဦးသေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရ

Must read

လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကလေး ၂ ဦးအပါအဝင် ပြည်သူ ၆ ဦးသေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရ

ရန်ကုန်၊ ဧပြီ ၂၀

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ကုန်သားကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၆ ဦး သေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူ ကိုအောင်မင်းဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဧပြီလ ၂၀ ရက်နေ့ နံနက် ၁၁ နာရီ မိနစ် ၅၀ အချိန်ခန့်တွင် လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာ၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ပေါင် ၃၀၀ ဗုံးသီး ၃ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ အသက် ၂ နှစ်နှင့် ၆ နှစ်အရွယ် ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၆ ဦး ပွဲချင်းပြီးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့ကာ နေအိမ် အလုံး ၂၀ ခန့်ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် သေဆုံးသွားသူ ၆ ဦးမှာ အသက် ၇၀ အရွယ် ဦးမောင်လူး၊ အသက် ၆၀ အရွယ် ဒေါ် မူယွမ်၊ အသက် ၂၇ နှစ်အရွယ် ဒေါ်မလေး၊ အသက် ၄၇ နှစ်အရွယ် ဒေါ်မ ညွန့်၊ အသက် ၆ နှစ်အရွယ် မောင်ဘယ်နှဒ်တိုနှင့် အသက် ၂ နှစ်အရွယ် မနေမတို့ ဖြစ်ကြောင်း သိရ သည်။

“၁၁ နာရီ မိနစ် ၅၀ လောက်က ဝင်ကျဲသွားတယ်။ မိသားစု တစ်စုလုံး ၆ ဦး တစ်ခါတည်း သေသွားတာ ၁၀ ယောက်လောက်ဒဏ်ရာရရှိသွားတယ်။ သေသွားတဲ့ မိသားစု ၆ ဦးကို မီးသင်္ဂြိုလ်ဖို့ လုပ်နေကြပြီ ဒဏ်ရာရတဲ့ ၁၀ ယောက်ကိုတော့ ဆေးခန်းကို ပို့ပေးထားတယ်။ ဒဏ်ရာတဲ့ ၁၀ ယောက်တည်းက တစ်ယောက်ကတော့ စိုးရိမ်ရတယ်။ ကျန်တဲ့သူတွေကတော့ ကျွန်တော်တို့သွားကြည့်တဲ့အချိန်မှာ အရမ်းမဆိုးဘူးဆိုတဲ့အခြေအနေသိရတယ်။ နေအိမ်တွေကတော့ ဆိုးဆိုးဝါးဝါးကို ထိခိုက်ပျက်စီးသွားတာ” ဟု ကူညီကယ်ဆယ်ပေးနေသူ ကိုအောင်မင်းဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #လွိုင်ကော်မြို့နယ် #ကုန်းသာကျေးရွာ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article