34 C
Yangon

ရမည်းသင်း အမှတ် ၁ ရဲလေ့ကျင့်ရေးမှ ကျောင်းအုပ် ရဲမှူးကြီး မျိုးသန့်ကျော် ၏ ကာမလိမ်လည်မှုနှင့် အဓမ္မပြုကျင့်မှု သတင်း ပေါက်ကြားမှု သင်တန်းသူ ရဲမေအားလုံး၏ ဖုန်းများအားလုံးကို စစ်ဆေးရန် တောင်းယူနေ

Must read

ရမည်းသင်း အမှတ် ၁ ရဲလေ့ကျင့်ရေးမှ ကျောင်းအုပ် ရဲမှူးကြီး မျိုးသန့်ကျော် ၏ ကာမလိမ်လည်မှုနှင့် အဓမ္မပြုကျင့်မှု သတင်း ပေါက်ကြားမှု သင်တန်းသူ ရဲမေအားလုံး၏ ဖုန်းများအားလုံးကို စစ်ဆေးရန် တောင်းယူနေ

ရန်ကုန်၊ ဧပြီ ၂၀

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ အမှတ် ၁ ရဲလေ့ကျင့်ရေး သင်တန်းကျောင်းမှ ကျောင်းအုပ် ရဲမှူးကြီး မျိုးသန့်ကျော်က သင်တန်းသူ ရဲမေတချို့အပေါ် ကာမလိမ်လည်မှု၊ အဓမ္မပြုကျင့်မှု အကြောင်း Khit Thit Media က သတင်းဖော်ပြခဲ့ရာ အဆိုပါ သတင်းပေါက်ကြားမှုအတွက် သင်တန်းသူ ရဲမေအားလုံး၏ မိုဘိုင်းလ်ဖုန်းများအားလုံးကို ရဲမှူးကြီး ဦးစီးသော အဖွဲ့က စစ်ဆေးရန် တောင်းယူနေကြောင်း သိရှိရသည်။

Khit Thit Media က ရမည်းသင်း အမှတ် ၁ ရဲလေ့ကျင့်ရေးကျောင်းအုပ် ရဲမှူးကြီး မျိုးသန့်ကျော်က သင်တန်းသူ ရဲမေတချို့ကို ကာမလိမ်လည်မှုနှင့် အဓမ္မပြုကျင့်မှုများ ဖြစ်ပွားနေသော်လည်း တိုင်ကြားမှု လုပ်မရဖြစ်နေကြောင်း ဧပြီလ ၁၉ ရက်နေ့တွင် သတင်းဖော်ပြခဲ့ခြင်းဖြစ်သည်။

” ကျောင်းအုပ်ကြီးက ရဲမေတွေကို ကာမလိမ်လည်တာက တစ်ဦးတည်းမဟုတ်ဘူး။ ရဲမေတွေ များတယ်။ ပြုကျင့်ခံရတာ။ အဲဒီကိစ္စ တက်လာတာနဲ့ပတ်သက်ပြီး ဒီနေ့ ကျောင်းအုပ်ကြီး မျိုးသန့်ကျော်က သင်တန်းကျောင်းအတွင်း တိုင်ကြားသူ ရှိတယ်ဆိုပြီး သင်တန်းသူ ရဲမေတွေနဲ့ ကျောင်းမှာရှိတဲ့ တပ်ဖွဲ့ဝင်တွေအားလုံးရဲ့ မိုဘိုင်းလ်ဖုန်းတွေကို Lock ဖြည်ပြီး ကျောင်းရုံး ခန်းကို အတင်းအကျပ် လာအပ်ခိုင်းနေတယ်။ အဲဒါက လုံး၀ မတရားလုပ်နေတာပါ။ သူ့မှာ အဲဒီလို စစ်ဆေးပိုင်ခွင့်လည်းမရှိပါဘူး” ဟု ရမည်းသင်း အမှတ် ၁ ရဲလေ့ကျင့်ရေးကျောင်းမှ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ရမည်းသင်း အမှတ် ၁ ရဲသင်တန်းကျောင်းသည် အဓိကအားဖြင့် ရဲမေများကို သင်တန်းများ ပို့ချနေရာ နိုင်ငံတစ်ဝန်းမှ သင်တန်းသူ ရဲမေများ လာရောက် သင်တန်းတက်ရကြောင်း၊ အရာရှိမဟုတ်သော အခြားအဆင့် ရဲမေများ သင်တန်းတက်စဉ် ရဲမှူးကြီး မျိုးသန့်ကျော်နှင့် ကိုယ်ရေးအရာရှိ ရဲအုပ်တို့က ရုပ်ရည်ပြေပြစ်ပြီး ကိုယ်ခန္ဓာအချိုးအစား ကောင်းမွန်သော ရဲမေတချို့ကို ရုံးခန်းသို့ ခေါ်ဆောင်၍ မိသားစုကို စောင့်ရှောက်ပေးမည်ဖြစ်ကြောင်း၊ ရာထူးတိုးနှင့် နေရာကောင်းရရှိအောင်​ စောင့်ရှောက်ပေးမည်ဟု ပြောဆိုကြောင်း၊ ယင်းနောက် ဂေါက်ရိုက်သွားချိန်၊ ပြင်ပ ခရီးစဉ်များတွင် အဆိုပါ ရဲမေတချို့ကို ခေါ်ယူသွားခဲ့ပြီး ကာမလိမ်လည်မှုနှင့် အဓမ္မပြုကျင့်မှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ရဲသတင်းရင်းမြစ်က ပြောဆိုသည်။

“အခု ကျောင်းထဲမှာ ဖြစ်နေတာတွေက ဥပဒေထက်ကျော်လွန်ပြီး ဖြစ်နေတာပါ။ ရဲမှူးကြီးလုပ်ပြီး ဥပဒေကို မျက်ကွယ်ပြုပြီး ကာမလိမ်လည်တယ်။ အခုတစ်ခါ ကျောင်း၀န်းအတွင်းရှိတပ်ဖွဲ့၀င်များ၏ဖုန်းတွေကို Lock ဖြုတ်ခိုင်းပြီး သူစစ်မယ်ဆိုတာက အမိန့်အာဏာ အလွဲသုံးစား လုပ်တာပါ” ဟု ရဲသတင်းရင်းမြစ်က ပြောဆိုသည်။

စစ်တက္ကသိုလ်ကျောင်းဆင်း စစ်အရာရှိ ဘ၀မှ ရဲတပ်ဖွဲ့ဘက်သို့ ရဲအရာရှိကြီးအဖြစ် အသွင်ပြောင်းလဲခဲ့သော ရဲမှူးကြီး မျိုးသန့်ကျော်သည် ဧရာ၀တီတိုင်း ဒုတိယတိုင်းရဲတပ်ဖွဲ့မှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ရာမှ အာဏာသိမ်းမှုမတိုင်မီ ၂၀၂၀ ခုနှစ် နှစ်ကုန်ပိုင်းတွင် ရမည်းသင်းမြို့ အမှတ် ၁ ရဲလေ့ကျင့်ရေး သင်တန်းကျောင်းတွင် ကျောင်းအုပ်ကြီးအဖြစ် ခန့်အပ်ခံခဲရခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ – ရမည်းသင်း အမှတ် ၁ ရဲလေ့ကျင့်ရေးသင်တန်းကျောင်းမှ ရဲမေများ။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ရဲလေ့ကျင့်ရေးမှ ကျောင်းအုပ် ရဲမှူးကြီး မျိုးသန့်ကျော် #ကာမလိမ်လည်မှုနှင့် အဓမ္မပြုကျင့်မှု #သင်တန်းသူ ရဲမေအားလုံး၏ ဖုန်းများအားလုံးကို စစ်ဆေးရန် တောင်းယူ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article