33 C
Yangon

တောင်တွင်းကြီးတွင် စစ်တပ်နှင့်ပူးပေါင်း၍ မြေကြီးတူးရောင်းသူ၊ စစ်မှုထမ်းဥပဒေဖြင့် လူငယ်များကို ဖမ်းဆီး စစ်ထဲသွင်းသူ ရာအိမ်မှူး ၃ ဦး ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံး၊ ဒဏ်ရာရ ကျန် ရာအိမ်မှူးလည်း သေဆုံးရန် များပြား

Must read

တောင်တွင်းကြီးတွင် စစ်တပ်နှင့်ပူးပေါင်း၍ မြေကြီးတူးရောင်းသူ၊ စစ်မှုထမ်းဥပဒေဖြင့် လူငယ်များကို ဖမ်းဆီး စစ်ထဲသွင်းသူ ရာအိမ်မှူး ၃ ဦး ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံး၊ ဒဏ်ရာရ ကျန် ရာအိမ်မှူးလည်း သေဆုံးရန် များပြား

ရန်ကုန်၊ ဧပြီ ၂၁

မကွေးတိုင်း၊ တောင်တွင်းကြီးတွင် စစ်တပ်နှင့်ပူးပေါင်း၍ မြေကြီးများ တူးရောင်းသူ၊ စစ်မှုထမ်းဥပဒေဖြင့် လူငယ်များကို ဖမ်းဆီး စစ်ထဲသွင်းသူ ရာအိမ်မှူး ၃ ဦး ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံးကြောင်း ဒဏ်ရာရ ကျန် ရာအိမ်မှူးလည်း ဆေးရုံတက်ကုသမှု ခံယူနေသော်လည်း သေဆုံးရန် များပြားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂၀ ရက်နေ့ ညနေ ၅ နာရီခွဲ အချိန် တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွားကျေးရွာ၊ အောင်မင်္ဂလာကန်တွင် ရာအိမ်မှူး ၃ ဦးဖြစ်ကြသည့် ခင်မောင်အေး၊ သန်းဌေး နှင့် ဟန်ဦးခိုင်တို့ ငါးမျှားနေကြစဉ် ပစ်ခတ်ခံရကြောင်း၊ ပစ်ခတ်ခံရမှုကြောင့် ခင်မောင်အေးနှင့် သန်းဌေးတို့ ၂ ဦးမှာ သေဆုံးသွားပြီး ဟန်ဦးခိုင်မှာမူ ဒဏ်ရာ အပြင်းအထန်ရရှိ၍ မကွေးဆေးရုံမှ နေပြည်တော်ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း သိရှိရသည်။

“မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွားတိုက်နယ်၊ ဆတ်သွားကျေးရွာ ဘုရားကန်အနောက်ဘက် တဲထဲမှာ မနေ့ ညနေ ၅ နာရီခွဲလောက်က ဆတ်သွား တိုးချဲ့ ၄ ရပ်ကွက် ရာအိမ်မှူး အပါအဝင် ရာအိမ်မှူး ၃ ဦး သေနတ်နဲ့ အပစ်ခံရလို့ ရာအိမ်မှူး အပါအ၀င် ၂ ဦး ပွဲချင်းပြီးသေဆုံးပြီး ကျန် ၁ ဦးက နေပြည်တော်ဆေးရုံပို့လိုက်ရတယ်။ အဲဒီရာအိမ်မှူး ၃ ဦးက စစ်တပ်နဲ့ပေါင်းပြီး ဘုရားကန်ထဲကမြေတွေတူးပြီး ကားကြီးတွေနဲ့သယ်ကာ မြေရောင်းစားတယ်။ နောက်တစ်ခါ စစ်မှုထမ်းဥပဒေအတွက် လူငယ်တွေကို လိုက်လံဖမ်းဆီးပြီး စစ်ထဲ ထည့်နေသူတွေဖြစ်ပါတယ်။ အခုနောက်ဆုံးသိရတာက နေပြည်တော်ပို့လိုက်ဒဏ်ရာရ ရာအိမ်မှူးလည်း သေတော့မယ်လို့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အဆိုပါ ရာအိမ်မှူး ၃ ဦးကို တော်လှန်ရေးသမား ၁ ဦးတည်းက ပစ်ခတ်သွားခြင်းဖြစ်ပြီး တော်လှန်ရေးရဲဘော်မှာလည်း ဘေးကင်းသည့် လွတ်မြောက်နယ်မြေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article