35 C
Yangon

တောင်ဥက္ကလာပမြို့နယ်ရှိ ပုဂ္ဂလိက အောင်ရတနာဆေးရုံကို CDM ဆရာဝန်များ လက်ခံထားမှုဖြင့် စစ်ကောင်စီက ပိတ်သိမ်းခိုင်း

Must read

ရန်ကုန်၊ ဧပြီ ၂၂

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်ရှိ ပုဂ္ဂလိက အောင်ရတနာဆေးရုံကို CDM ဆရာဝန်များ လက်ခံထားမှုဖြင့် စစ်ကောင်စီက ပိတ်သိမ်းခိုင်းလိုက်ကြောင်း ကျန်းမာရေးအသိုင်းအ၀ိုင်းက ပြောဆိုသည်။

လာမည့်မေလမှစတင်ပြီး အောင်ရတနာဆေးရုံကို ​CDM ဆရာဝန်များ လက်ခံထားမှုဖြင့် သိမ်းခိုင်းခြင်းဖြစ်ကြောင်း၊ ရန်ကုန်တွင် ပုဂ္ဂလိကပင်လုံဆေးရုံကိုလည်း CDM ဆရာဝန်များ လက်ခံမှုဖြင့် ယင်းကဲ့သို့ ပိတ်သိမ်းခိုင်းမှုရှိခဲ့ကြောင်း၊ ပုဂ္ဂလိက ဆေးရုံများ ပိတ်သိမ်းခံရချိန်တွင် စစ်တပ်ဆရာဝန်များက ပုဂ္ဂလိကကျန်းမာရေးကဏ္ဍတွင် ပုံစံမျိုးစုံဖြင့် လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နေကြောင်း သိရှိရသည်။

“စစ်ဆေးရာဝန်တွေေဖွင့်ထားတဲ့​နေရာ​တွေမှာတော့ လုပ်ချင်တာလုပ်။ ထိုင်ချင်တဲ့သူထိုင်။ ​အေး​ဆေးပဲ။ အခြား ပုဂ္ဂလိကဆေး ရုံတွေကိုတော့ Surprise check လာရတာနဲ့ လိုင်စင်ကို အမျိုးမျိုးရစ်​နေတာနဲ့ အလုပ်ကို ​ကောင်း​ကောင်း ပေးမလုပ်ဘူး။ ဒီကြား ထဲ ​ဆေး​တွေကပြတ်၊ ​စျေး​တွေတက်​၊ ဆေးရုံလည်း ခဏပိတ်ရမယ်ဆိုတော့ လူနာ​တွေအတွက် အခက် အခဲဖြစ်နိုင်တယ်” ဟု အောင်ရတနာဆေးရုံနှင့် နီးစပ်သော သတင်းရင်းမြစ်က ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက အောင်ရတနာဆေးရုံသို့ ဖုန်းခေါ်ဆိုသော်လည်း ယင်းကိစ္စနှင့်ပတ်သက်၍ တစ်စုံတစ်ရာ တုံ့ပြန်ဖြေဆိုခြင်းမရှိပေ။

“အခုဆေးရုံ တာဝန်ခံတွေမရှိသေးလို့ နောက်မှန်ပြန်ဆက်သွယ်ပေးပါ၊ ဘယ်အချိန်တာဝန်ခံတွေ ရောက်လာမလဲတော့ မသိပါဘူး” ဟု အောင်ရတနာဆေးရုံတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article