29 C
Yangon

ဟားခါးမြို့ပေါ်တွင် ဝန်ကြီးများ လိုက်ပါသော VIP ယာဉ်တန်း မိုင်းဆွဲခံရ၍ ဝန်ကြီးတချို့ ဒဏ်ရာရရှိမှု စစ်ကောင်စီက ဝန်ခံလိုက်ပြီး လုံခြုံရေးအတွက် စျေးဆိုင်များ ပိတ်ရန်နှင့် လူ ၅ ဦးထက် ပိုမစုရန် အမိန့်ထုတ်

Must read

ရန်ကုန်၊ ဧပြီ ၂၂

ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်တွင် ပြည်နယ်ဝန်ကြီးများ လိုက်ပါသော VIP ယာဉ်တန်း မိုင်းဆွဲခံရ၍ ဝန်ကြီးတချို့ ဒဏ်ရာရရှိခဲ့ကြောင်း စစ်ကောင်စီက ဝန်ခံလိုက်ပြီး လုံခြုံရေးအတွက် စျေးဆိုင်များ ပိတ်ရန်နှင့် လူ ၅ ဦးထက် ပိုလူမစုရန် ယနေ့ အမိန့်ထုတ်လိုက်ကြောင်း သိရှိရသည်။

ဧပြီလ ၁၂ ရက်နေ့ ချင်းပြည်နယ်စစ်ကောင်စီဝန်ကြီးများ လိုက်ပါသော ယာဉ်တန်းကို ဟားခါးမြို့ မြို့သစ်ရပ်ကွက်အတွင်းရှိ ဘုရားကျောင်းနှင့် လူနေအိမ်များကို အကာအကွယ်ယူ တိုက်ခိုက်ခဲ့ကြောင်း ၊ ထို့ကြောင့် ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်ရှိ ဈေးဆိုင်များကို စစ်ကောင်စီက ပိတ်ခိုင်းလိုက်ပြီး ဘုရားကျောင်းတွင်လည်း လူငါးဦးနှင့်ထက် ပိုမစုရန် စစ်ကောင်စီက အမိန့်ထုတ်လာကြောင်း သိရှိရသည်။

ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်တွင် ချင်းပြည်နယ်စစ်ကောင်စီမှ ပြည်နယ်ဝန်ကြီးများ လိုက်ပါလာသည့် ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ ဝန်ကြီးများ အပါ အဝင် ၆ ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ ကြောင်း CDF – Hakha မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ဧပြီလ ၁၂ ရက်နေ့ နံနက် ၉ နာရီခွဲခန့်အချိန် ဟားခါးမြို့တွင်းရှိ ဝန်ကြီးအိမ်ရာမှ ရုံးတက်ရန် ထွက်ခွာလာ သည့် ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသိန်းထွန်းအောင်၊ စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်း နှင့် လူမှု ရေးရာဝန်ကြီး ဦးကျော်စိုးဝင်း တို့ ၃ ဦး လိုက်ပါသော ယာဉ် ၅ စီးကို ဟား ခါးမြို့၊ မြို့သစ်ရပ်ကွက် လမ်းဆုံအရောက် လက်နက်ကြီး၊ လက်နက်ငယ်ဖြင့်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ မိနစ် ၂၀ ခန့်ကြာမြင့်ခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်မှုအတွင်း စီးပွားရေးဝန်ကြီး၊ လူမှုရေးဝန်ကြီးနှင့် ၎င်း ၏ ဇနီး၊ နယ်လုံဝန်ကြီး၏ ကိုယ်ရေးအရာရှိတို့အပါအဝင် ၆ ဦးဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

“သူတို့ ယာဉ်တန်းနဲ့ တပ်ကို ပစ်ဖို့စီစဉ်ထားတာရှိတယ်၊ အခြေအနေကောင်းရင်ပစ်ဖို့ ကြိုတင်စီစဉ် ထားတာရှိတယ်၊ အဲဒါနဲ့ သူတို့ လုံခြုံရေးကို အရင်ပစ်တယ်၊ ပစ်ပြီးတော့မှ ယာဉ်တန်းကမရပ်လို့ သူ တို့ပဲဆိုပြီး ပြန်ပစ်လိုက်တာ၊ ဝန်ကြီးအိမ်ယာကနေ ရုံးတက်ဖို့လာတဲ့ လမ်းကြားမှာပေါ့၊ စီးပွားရေး ဝန်ကြီး ထိခိုက်ဒဏ်ရာရတယ်၊ ပြီးတော့ လူမှုရေးဝန်ကြီးလည်း ကျည်နဲ့ထိတယ်၊သူ့အမျိုးသမီးလည်း ကျည်ထိတယ်။ ပြီးရင် ကားသမားရောပေါ့၊ နယ်လုံဝန်ကြီးကတော့ ဘော်ဒီဂတ်ပေါ့၊ ပြီးရင် ရဲတစ် ယောက်နဲ့ စုစုပေါင်း ၆ ယောက်ဒဏ်ရာရတယ်၊ ကားကတော့ ၅ စီးလုံးကျည်ထိတာပေါ့ နယ်လုံ ဝန် ကြီးက ကားပေါ်မှာတော့ပါတယ်၊ ဒါပေမယ့် သူက မထိဘူး၊” ဟု CDF – Hakha မှ တာဝန်ရှိသူ က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုခဲ့ သည်။

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် ပြည်နယ် နယ်လုံဝန်ကြီးသည် မကျေနပ်ချက် ဖြစ်ကာ ပြန်လည် ပစ်ခတ်တိုက်ခိုက်မှုရှိခဲ့ကြောင်း၊ CDF Hakha တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန် လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article