28 C
Yangon

နတ်မောက်မြို့ပေါ်တွင် အုပ်ချုပ်ရေးမှူးများက ပြည်သူများကို စစ်မှုထမ်းရန် နေအိမ်ပေါ်ထိ လိုက်လံ ခေါ်ဆောင်နေ၍ တော်လှန်ရေး အဖွဲ့အစည်း ၉ ဖွဲ့က စစ်ရေးပစ်မှတ်အဖြစ် တိုက်ခိုက်မည်ဟု ကြေညာ

Must read

အကြမ်းဖက် စစ်တပ်ကို အမြစ်ပြတ် တော်လှန်ရေး လူငယ်များ ပူးပေါင်း ပါဝင်ကြရန် ဖိတ်ခေါ်

ရန်ကုန်၊ ဧပြီ ၂၂

မကွေးတိုင်း၊ နတ်မောက်မြို့ပေါ်တွင် အုပ်ချုပ်ရေးမှူးများက ပြည်သူများကို စစ်မှုထမ်းရန် နေအိမ်ပေါ်ထိ လိုက်လံ ခေါ်ဆောင်နေ၍ တော်လှန်ရေး အဖွဲ့အစည်း ၉ ဖွဲ့က စစ်ရေးပစ်မှတ်အဖြစ် တိုက်ခိုက်မည်ဟု People’s Defence Organization – Natmauk အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နတ်မောက်မြို့ပေါ်နှင့် မြို့နယ်အတွင်း အကြမ်းဖက် စစ်တပ် လက်အောက်ခံ အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်း ဥပဒေ အသက်ဝင်ရန် တစ်အိမ်ဆင်း တစ်အိမ်တက် ဝင်ရောက်၍ ပြည်သူများကို လိုက်လံကာ အတင်းအဓမ္မ ခေါ်ဆောင်နေသောကြောင့် စစ်မှုထမ်းဥပဒေတွင် ပါဝင်ပတ်သက်နေသည့် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ သတင်ပေးများနှင့် စာရင်းကောက်သူများကို ပြည်သူ့ တော်လှန်ရေးတပ်ဖွဲ့များက ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမည်ဟု အသိပေး ထုတ်ပြန်ထားသည်။

“အုပ်ချုပ်ရေးမှူးတွေက စစ်ခွေး၊ ရဲခွေးတွေနဲ့ ပူးပေါင်းပြီးတော့ လုပ်ဆောင်နေကြတယ်လို့သိရလို့ ကျွန်တော်တို့ ပြည်သူ့ တော်လှန်ရေးအဖွဲ့တွေက အခုလို ထုတ်ပြန်ရတာပါ စစ်ရေးပစ်မှတ် အနေနဲ့ကတော့ ရရင်ရသလို ကြိုးစား လုပ်ဆောင်သွားမှာပါ” ဟု People’s Defence Organization – Natmauk အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်ကို အမြစ်ပြတ် တော်လှန်ရန် လူငယ်များ အနေဖြင့် နတ်မောက် (ပ.က.ဖ.) ၊ (၉၀၂)တပ်ရင်း NPDF ၊ (၉၀၃)တပ်ရင်း တပ်ခွဲ(၁)ဂဠုန်PDF ၊ (၉၀၃)တပ်ရင်း တပ်ခွဲ(၃)တိုက်ဒေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ငါးပြေမပျောက်ကြားတပ်ဖွဲ့ ၊ ဗိဿနိုးလက်အောက်ခံ ကျားသစ်နက်တပ်ဖွဲ့ ၊ ဗိဿနိုးလက်အောက်ခံ ကြိုးကြာနီတပ်ဖွဲ့ ၊ Aung San’s land ၊ OPRF-PLA အဖိနှိပ်ခံ ပြည်သူ့တော်လှန်ရေး အင်အားစုများ ထံကို Page Chat Box မှ လာရောက် ဆက်သွယ် ပါဝင်နိုင်ကြောင်း ဖိတ်ခေါ်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article