29 C
Yangon

ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ငါးဖမ်းသမား ၂ ဦးကို မြန်မာစစ်ကောင်စီရေတပ်က ပစ်ခတ်သဖြင့် အပြင်းအထန်ဒဏ်ရာရ

Must read

ရန်ကုန်၊ ဧပြီ ၂၂

ဘင်္ဂလားပင်လယ်အော်မှာ ငါးဖမ်းပြီး ပြန်လာတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ငါးဖမ်းသမား နှစ်ဦးကို မြန်မာ စစ်ကောင်စီရေတပ်က ပစ်ခတ်လို့ ဒဏ်ရာအပြင်းအထန်ရှိခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းမီဒီယာတွေက သတင်းဖော်ပြပါတယ်။

ဧပြီလ ၂၁ ရက်နေ့ နံနက် ၁၁ နာရီ ဝန်းကျင်အချိန် ဘင်္ဂလားဒေရှ့် နိုင်ငံရေပိုင်နက်အတွင်း ငါးဖမ်းပြီး ပြန်လာတဲ့ တက္ကနတ်မြို့ခံ အသက် ၂၀ အရွယ် Mohammad Ismail နဲ့ အသက် ၂၅ နှစ်အရွယ် Mohammad Faruq တို့ကို မြန်မာရေတပ်က ပစ်ခတ်ခဲ့ကြောင်း သိရှိရပါတယ်။

ဘင်္ဂလားပင်လယ်အော် မှာ ငါးဖမ်းပြီး နတ်မြစ်ကို လှေနဲ့ ကူးဖြတ်လာစဉ်မှာ မြန်မာ ရေတပ်သင်္ဘောက လိုက်လံပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

စစ်ကောင်စီ ရေတပ်က ပစ်ခတ်လိုက်တဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား တံငါသည် နှစ်ဦးစလုံး ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိခဲ့ပြီး တက္ကနတ်မြို့ ဆေးရုံ (Teknaf Health Complex) ဆေးရုံမှာ တစ်ဦး၊ ကော့ဘဇား ဆေးရုံမှာ တစ်ဦး ဆေးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။

ပစ်ခတ်ခံရတဲ့ လူငယ်နှစ်ဦးထဲက Mohammad Faruq ရဲ့ အခြေအနေ အလွန်စိုးရိမ်ရတယ်လို့ ဘင်္ဂလားဒေ့ရှ် ဒေသအုပ်ချုပ်ရေး အာဏာပိုင်တွေက ပြောဆိုပါတယ်။

“ကျွန်တော်တို့က ဘင်္ဂလားဒေ့ရှ် ပိုင်နက် နတ်မြစ်ထဲမှာ ရှိနေတယ်။ ဘင်္ဂလားဒေ့ရှ် အလံကို လက်မြှောက် ပြသပြီး မပစ်ဖို့ အချက်ပြပါတယ်။ ဒါပေမယ့် သူတို့က လျစ်လျူရှုပြီး ကျနော်တို့ကို ပစ်ခတ်ခဲ့တယ်”လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမားတစ်ဦးက ဖြစ်စဉ်ကို ပြောပြပါတယ်။

ဓာတ်ပုံ – မြန်မာရေတပ်၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိထားသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမားတစ်ဦး။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

မြန်မာရေတပ်၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိထားသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမားတစ်ဦး။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article