29 C
Yangon

ပြည်မြို့နယ်၊ ပေါင်းတလည်မြို့ တွင် တပ်စွဲထားသော စစ်တပ်လုံခြုံရေးကင်းနှင့်ဂိတ်ကို တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၂၃

ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ ပေါင်းတလည်မြို့ တွင် တပ်စွဲထားသော စစ်တပ်ကင်းနှင့်ဂိတ်ကို တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံးကြောင်း ၃၆၀၁ PPDF တပ်ရင်း ၏ ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဧပြီလ ၂၂ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန် ပဲခူးတိုင်း ပြည်ခရိုင် ၊ပြည်မြို့နယ်၊ပေါင်းတလည်မြို့ အထက်တန်းကျောင်းတွင်တပ်စွဲနေသော စစ်ကောင်စီကင်းနှင့်စစ်ဆေးရေးဂိတ်ကို ၃၆၀၁ PPDF တပ်ရင်း ၊တပ်ခွဲ ၅ က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး ပွဲချင်းပြီး သေဆုံးပြီး စစ်သား ၁ ဦး အပြင်းအထန်ဒဏ်ရာ ရရှိကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်က ပြန်လည်တိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များဘက်မှ အထိအခိုက်အန္တရာယ်မရှိအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ယခုတိုက်ခိုက်ခဲ့သော စစ်ကောင်စီစစ်ဆေးရေးဂိတ်မှာ ပြည်သူများအပေါ်နိုင် ထက်စီးနင်းရိုင်းပြစွာဆဲဆိုစစ်ဆေးခြင်း၊ကားသမားများကိုငွေတောင်းခြင်းများကို ပြုလုပ်နေသော စစ်တပ်ဂိတ်လည်းဖြစ်ကြောင်း သိရှိရသည်။

စစ်အာဏာရှင် တိုက်ဖျက်ရေး စစ်ရေးအရှိန်မြှင့်တင်လာသည်နှင့်အမျှ စစ်ရေးပစ်မှတ်များကိုပြတ်ပြတ်သားသားရှင်းလင်းတိုက်ခိုက်နေသောကြောင့် ပြည်သူများအနေဖြင့် စစ်တပ်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရှိနေသော နေရာများနှင့် ခပ်ဝေးဝေး နေထိုင်ကြရန်၊ စစ်တပ်ရှိနေသော နေရာများကို တိမ်းရှောင်သွားလာကြရန် သတိပေးချက် ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – ယခုဧပြီလအတွင်း တွေ့ရသော ကရင်ပြည်နယ်အတွင်းရှိ စစ်တပ်စစ်ဆေးရေးဂိတ်တစ်ခုမြင်ကွင်း။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #ပေါင်းတလည်မြို့ #စစ်တပ်လုံခြုံရေးကင်းနှင့်ဂိတ်

ယခုဧပြီလအတွင်း တွေ့ရသော ကရင်ပြည်နယ်အတွင်းရှိ စစ်တပ်စစ်ဆေးရေးဂိတ်တစ်ခုမြင်ကွင်း။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article