29 C
Yangon

ရွှေဘိုတွင် စစ်တပ်နှင့်ပျူစောထီး စစ်ကြောင်းကို မိုင်းဆွဲမှု ၂ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရ ၊ ပေါက်မြို့နယ်တွင်လည်း စစ်ယာဉ်တန်းကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်သားနှင့်ပျူစောထီး ၇ ဦးဒဏ်ရာရ

Must read

ရန်ကုန်၊ ဧပြီ ၂၃

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် စစ်တပ်နှင့်ပျူစောထီးစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ ပျူစောထီး ၂ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိကြောင်း ဗိုလ်ဂျပန်ကြီး ရွှေဘို ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂၁ ရက်နေ့ ရွှေဘိုမြို့နယ်၊ တည်သီးတောပျူစောထီးကျေးရွာစာသင် ကျောင်းတွင် မိုင်းဆွဲခံရထားသဖြင့် ဒဏ်ရာရရှိထားသော မြင်းစီးကျေးရွာမှ ရဲ ၃ ဦး၊ ပျူစောထီး ၃ ဦး စုစုပေါင်း ၆ ဦးတို့ကို စစ်တပ်နှင့်ပျူစောထီးများက ရွှေဘို ဆေးရုံသို့ ပို့ဆောင်ရန် ခေါ်ဆောင်လာကြောင်း၊ အဆိုပါ လူနာပို့သည့် စစ်တပ်နှင့်ပျူစောထီးများကို မင်းပေးကျေးရွာနှင့် တည်သီးတောပျူစောထီးကျေးရွာအကြားတွင် နင်းမိုင်းနှစ်လုံးဖြင့် လည်းကောင်း၊ မင်းပေးကျေးရွာအနောက်ဘက်တွင် တိုက်မိုင်းတစ်လုံးဖြင့်လည်းကောင်း ၊ မင်းပေးကျေးရွာနှင့် ထနောင်းကိုင်းကျေးရွာအကြားတွင် တိုက်မိုင်းနှစ်လုံးဖြင့်လည်းကောင်း မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ဗိုလ ၁ ဦးနှင့် ပျူစောထီး ဖိုးဖြူတို့ ပွဲချင်း ပြီးသေဆုံးပြီး ပျူစောထီး ၇ ဦး ဒဏ်ရာရရှိကြောင်း သိရှိရသည်။ ထို့ပြင် ဇီးဖြူကုန်း​ပျူစောထီးကျေးရွာမှ စစ်ကူထွက်လာသော စစ်တပ်နှင့်ပျူစောထီးများကို မြို့လှကျေးရွာအရှေ့ဘက်တွင် တိုက်မိုင်းသုံးလုံးဖြင့် ၃ ကြိမ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

မိုင်းဆွဲတိုက်ခိုက်မှု စစ်ဆင်ရေးကို ဗိုလ်ဂျပန်ကြီး-T.T.T-Shwe Bo ပြည်သူကာကွယ်ရေးအဖွဲ့- ဗိုလ်ကျားရိုင်း ၊ ရွှေဘို ပြည်သူကာကွယ်ရေးအဖွဲ့၊ GOLDEN EAGLE-ZBGအဖွဲ့၊ မိုးကြိုးမုန်တိုင်းအဖွဲ့၊ မင်းခေါင်အဖွဲ့၊ ကြီးလေးကြီးအဖွဲ့ ၊ Bo Ba Tawအဖွဲ့ တို့က ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲ‌‌ဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါကြောင်း သိရှိရသည်။

အလားတူ ဧပြီလ ၁၈ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်မှစတင်၍ မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှ ထွက်ခွာလာသော အစီးရေ ၇၀ စီးပါ စစ်ယာဥ်တန်းကို ဒရုန်းဖြင့် အီနာဂါ ဗုံး ၁၀ လုံးခန့် ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် လက် နက်ကြီး ၆၀ မမဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်သားနှင့်ပျူစောထီး ၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကြောင်း Young Force – UGက သတင်းထုတ်ပြန်သည်။

အဆိုပါတိုက်ခိုက်မှုကို Pakokku People’s Defense Force (PPDF)မြိုင်ပကဖBlack Cobra PKU (ကမ္မတပ်ပေါင်းစု)ပခုက္ကူမြိုနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ ၂ (PKU Thurein)DMG (ဓားမင်းကြီး) အဖွဲနှင့် မိမိတို ပခုက္ကူမြိုနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ ၂ (Young Force-UG) တိုမှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ – ကရင်နီပြည်တွင် ယမန်နှစ် မိုင်းထိမှန်ထားသော စစ်ကားတစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ကရင်နီပြည်တွင် ယမန်နှစ် မိုင်းထိမှန်ထားသော စစ်ကားတစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article