29 C
Yangon

KNLA က ဦးဆောင် သိမ်းပိုက်ခဲ့သော မြ၀တီမြို့စောင့်တပ် ၂၇၅ တွင် စစ်ကောင်စီ အလံလာတင်ရန် BGF က အဓိက လုံခြုံရေး အကူအညီပေး ခေါ်ဆောင်လာ

Must read

KNLA က ဦးဆောင် သိမ်းပိုက်ခဲ့သော မြ၀တီမြို့စောင့်တပ် ၂၇၅ တွင် စစ်ကောင်စီ အလံလာတင်ရန် BGF က အဓိက လုံခြုံရေး အကူအညီပေး ခေါ်ဆောင်လာ

ရန်ကုန်၊ ဧပြီ ၂၃

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက သိမ်းပိုက်ဖျက်ဆီးခဲ့သော ခလရ ၂၇၅ တပ်နေရာတွင် စစ်ကောင်စီအလံလာတင်ရန် နယ်ခြားစောင့် (BGF) က အဓိက အကူအညီပေးခဲ့ကြောင်း မြ၀တီမြို့ အခြေစိုက် တော်လှန်ရေးနှင့် စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“အလံလာတင်တာလည်း အတည်ပြုလို့ရတယ်။ BGF ကားနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ခေါ်လာပြီး အလံတင်တာမှန်ကန်တယ်။ ဒါပေမယ့် လော လော ဆယ်တော့ ခလရ ၂၇၅ ထဲမှာ အင်အား အများကြီးတော့ ထားတာမျိုးမတွေ့ရသေးဘူး။ ဒါကိုတော့ သက်ဆိုင်တဲ့ တပ်ဖွဲ့နဲ့ အဖွဲ့အစည်းတွေက တရား ဝင် ရှင်းလင်းထုတ်ပြန်တာက ပိုပြီး ကောင်းလိမ့်မယ်။ အခုက ထိလွယ်ရှလွယ်တော့ မှတ်ချက်မပေးချင်ဘူး။ အဲဒီတော့ စစ်ကောင်စီ အလံလာတင်တာ မှန်တယ်။ BGF က ခေါ်လာတာလည်း မှန်ကန်တယ်။ အဲဒီအထဲမှာ အင်အားတော့ အများကြီး မတွေ့ရသေးဘူး။ နောက်နေ့ဘယ်လိုဖြစ်လာမလဲတော့ မသိသေးဘူး”ဟု မြ၀တီမြို့နယ် အခြေစိုက် တော်လှန်ရေးနှင့် စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက ကရင်အမျိုးသားအစည်းအရုံး KNU မှ ဗဟိုအလုပ်အမှုဆောင်လည်းဖြစ်၊ ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်သူ ပဒိုစောတောနီးကို ဆက်သွယ်မေးမြန်းလျက်ရှိပြီး တစ်စုံတစ်ရာ တုံ့ပြန်ဖြေဆိုခြင်းမရှိသေးပေ။

ခလရ ၂၇၅ တပ်ကို ဧပြီလ ၁၀ ရက်နေ့တွင် KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းတပ်မှ အင်အား ၂၀၀ ဝန်းကျင်မှာ အမှတ် ၂ တံတားဘက်သို့ ညတွင်းချင်း ထွက်ပြေးသွားခဲ့ကြခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article