28 C
Yangon

ပဲခူး၊ ဘုရားကလေးရွာ အုပ်ချုပ်ရေးမှူးက ကိုယ်ဝန်ဆောင် ဇနီးနှင့် ကလေးငယ် ၂ ဦး ဖခင် ကိုကျော်ကျော်နိုင်ကို စစ်မှုထမ်းရန် မဲပေါက်သည်ဆိုကာ ဖမ်းဆီးခေါ်ဆောင်သွား၊ စစ်မှုထမ်းရမည့် စာရင်းတွင် ကျေးရွာအုပ်ချုပ်ရေးမှူး၏ အမျိုးများ မပါဝင်

Must read

ပဲခူး၊ ဘုရားကလေးရွာ အုပ်ချုပ်ရေးမှူးက ကိုယ်ဝန်ဆောင် ဇနီးနှင့် ကလေးငယ် ၂ ဦး ဖခင် ကိုကျော်ကျော်နိုင်ကို စစ်မှုထမ်းရန် မဲပေါက်သည်ဆိုကာ ဖမ်းဆီးခေါ်ဆောင်သွား၊ စစ်မှုထမ်းရမည့် စာရင်းတွင် ကျေးရွာအုပ်ချုပ်ရေးမှူး၏ အမျိုးများ မပါဝင်

ရန်ကုန်၊ ဧပြီ ၂၄

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ ဘုရားကလေးရွာ အုပ်ချုပ်ရေးမှူးက ကိုယ်ဝန်ဆောင် အမျိုးသမီးနှင့် ကလေးငယ် ၂ ဦး ဖခင်ဖြစ်သူ ကိုကျော်ကျော်နိုင်ကို စစ်မှုထမ်းရန် မဲပေါက်သည်ဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂၀ ရက်နေ့မှ စတင်ကာ ပဲခူးမြို့နယ်၊ ဘုရားကလေးရွာ အုပ်ချုပ်ရေးမှူးက ကျေးရွာတွင် စစ်မှုထမ်းရန် မဲနှိုက်မှုများလုပ်ဆောင်ခဲ့ကြောင်း၊ ယင်းနောက် မဲပေါက်သော သူများကို လိုင်စင်ဓာတ်ပုံ ၅ ပုံနှင့် အိမ်ထောင်စု ဇယား မိတ္ထူ ၃ ရွက် မိတ္တူဆွဲခိုင်းပြီး အုပ်ချုပ်ရေးမှူးရုံးကို ပို့ဆောင်ခိုင်းကြောင်း သိရသည်။

အဆိုပါ မဲပေါက်သူများတွင် ဘုရားကလေးကျေးရွာ၊ နှစ်ဆောင်ပြိုင် ၂ လမ်းတွင် နေထိုင်သည့် ကိုယ်ဝန်ဆောင် ဇနီးနှင့် ကလေးငယ် ၂ ဦး ဖခင်ဖြစ်သူ ကိုကျော်ကျော်နိုင်လည်းပါဝင်ကြောင်း၊ ကိုယ်ဝန်ဆောင် ဇနီးသည်ရှိနေသည့် စစ်မှုမထမ်းလိုကြောင်း ပြောဆိုသော်လည်း ကျေးရွာအုပ်ချုပ်ရေးမှူးက ကိုကျော်ကျော်နိုင်ကို အတင်း အဓမ္မဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

“သူတို့ မဲနှိုက်တာ အသက် ၂၄ နှစ်ကလေ အသက် ၃ဝ နှစ်အတွင်းဆိုပြီး အသက် ၃၁ ၊ ၃၂ ၊ ၃၃ နှစ် အထိ အမျိုးသားတွေပါ ပါနေပါတယ်။ အဲဒီအထဲမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေရဲ့ ယောကျာ်းတွေလည်း ပါနေပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့ ယောကျာ်းက သူတို့ပြောတဲ့အသက်ထက် ကျော်နေပါတယ်။ ရာအိမ်မှုးရဲ့ အမျိုးတွေ သားတွေ၊ တူတွေကတော့ စစ်မှုထမ်းရမယ့်စာရင်းထဲ မပါဘဲ ကင်းလွတ်ခွင့်ပေးထားပါတယ်။ ကိုကျော်ကျော်နိုင်ရဲ့ ကိုယ်ဝန်ဆောင် ဇနီးသည်က ကျေးရွာအုပ်ကြီးရုံးကို ကလေးတွေခေါ်ပြီး အကျိုးအကြောင်း သွားပြောပြတာကို အဲဒါတွေနောက်မှ ပြော။ သူတို့ လုပ်ခိုင်းတာ အရင်လုပ်ဆိုပြီး ကိုကျော်ကျော်နိုင်ကို စစ်တပ်ထဲ ပို့လိုက်ပါတယ်” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။

လက်ရှိတွင် စစ်ကောင်စီက စစ်မှုထမ်း အပတ်စဉ် ၂ အတွက် တပ်သားသစ်စုဆောင်းမရသဖြင့် နိုင်ငံတစ်ဝန်းတွင် အတင်း အကျပ် ပေါ်တာဆွဲခြင်းနှင့် ဖမ်းဆီးခြင်းများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်တပ်ထဲသို့ အတင်းအကျပ် ဖမ်းဆီးခေါ်ဆောင်ခံရသူ ကိုကျော်ကျော်နိုင်၏ ကိုယ်ဝန်ဆောင်ဇနီးသည်နှင့် ကလေးငယ် ၂ ဦး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article