28 C
Yangon

Khit Thit သတင်းဌာန၏ ဧပြီ ၂၄ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဧပြီ ၂၄ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာက အကြမ်းဖက် စစ်ကောင်စီရဲ့ ခမရ ၁၁၆ တပ်စခန်းကြီးကို KIA နဲ့ မဟာမိတ်တပ်တွေက အပြီးသတ်သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီ တပ်သားတွေကတော့ ခြေဦးတည့်ရာ ထွက်ပြေးနေကြတယ်လို့ KIA မြေပြင် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ချင်းပြည်နယ်က ကျင်ဒွေးမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ ချင်းတော်လှန်ရေးတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ၊ အကြမ်းဖက် စစ်တပ်ကလည်း လေကြောင်းတိုက်ခိုက်မှုတွေနဲ့ပါ အသည်းအသန် ခုခံနေပေမယ့် ကျင်ဒွေးမြို့ကို သိမ်းပိုက်နိုင်တဲ့အထိတိုက်ခိုက်သွားမှာဖြစ်တယ်လို့ ချင်းညီနောင် တပ်ပေါင်းစုက ထုတ်ပြန် ကြေညာလိုက်ပါတယ်။
  • ပဲခူးတိုင်း၊ ဘုရားကလေးကျေးရွာ အုပ်ချုပ်ရေးမှူးက ကိုယ်ဝန်ဆောင် အမျိုးသမီး နဲ့ ကလေးငယ် ၂ ဦးရဲ့ ဖခင်ဖြစ်သူ ကိုကျော်ကျော်နိုင် ဆိုသူကို စစ်မှုထမ်းဖို့ မဲပေါက်တယ်ဆိုပြီး ဖမ်းဆီးခေါ်ဆောင် သွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article