30 C
Yangon

နွားထိုးကြီးမြို့နယ်အတွင်းရှိ စစ်တပ်က တပ်စွဲထားသော နေရာ ၄ ခုကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ

Must read

နွားထိုးကြီးမြို့နယ်အတွင်းရှိ စစ်တပ်က တပ်စွဲထားသော နေရာ ၄ ခုကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ

ရန်ကုန်၊ ဧပြီ ၂၄

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်တပ်က တပ်စွဲထားသော နေရာ ၄ ခုကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း နွားထိုးကြီး PDF တပ်ဖွဲ့ထံမှ သိရသည်။

ယမန်နေ့ ဧပြီလ ၂၃ ရက် နံနက် ၉ နာရီခန့်က နွားထိုးကြီးမြို့ပေါ်ရှိ ဆောက်လုပ်ရေးရုံးနှင့် အေး ကျောင်းတို့၌ တပ်စွဲထားသော အကြမ်းဖက် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက် ပစ် ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများမှာ စခန်းထဲပြေးဝင်သွားပြီး ပုန်းအောင်းနေခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Natogyi People Defence Force မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်းနှင့် နွားထိုး ကြီးမြို့နယ်- ပ က ဖ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှု ကိုစုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အလားတူ နွားထိုးကြီးမြို့နယ်၊ ပြင်စည်ရွာစာသင်ကျောင်းနှင့် ရန်ကုန် -မန္တလေးအမြန်လမ်း မိုင်တိုင် အမှတ် ၃၂၀ တွင်တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဧပြီလ ၂၃ ရက် နံနက် ၉ နာရီခန့်က နွားထိုးကြီးမြို့နယ်၊ ပြင်စီကျေးရွာ စာသင်ကျောင်းအ တွင်း၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို Fix Wing ဒရုန်း ဖြင့် ဗုံးသီး ၁ လုံး ကျဲချ တိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ဧပြီလ ၂၃ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်တွင် ရန်ကုန်-မန်းလေး အမြန်လမ်းမကြိး မိုင် တိုင်အမှတ် ၃၂၀ တွင် ဂိတ်ဖွင့်ကာ ပြည်သူများ အပေါ် ငွေညစ်တောင်းခံနေသော အကြမ်းဖက် စစ်သားများကို ဗုံးသီး ၄ လုံး ကျဲချ တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရ သည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင်တပ်ရင်း ၄ NPDF ၊ Myingyan District Drone Strike MDDS နှင့် MHLG Wings အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article