36 C
Yangon

မွန်ပြည်သစ်ပါတီ-AD နှင့် မွန်ပြည်ဖက်ဒရယ်ကောင်စီ တို့ နိုင်ငံရေး၊ စစ်ရေး အပါအဝင် ကဏ္ဍအားလုံးတွင် ပူးပေါင်းဆောင်ရွက်မည်

Must read

မွန်ပြည်သစ်ပါတီ-AD နှင့် မွန်ပြည်ဖက်ဒရယ်ကောင်စီ တို့ နိုင်ငံရေး၊ စစ်ရေး အပါအဝင် ကဏ္ဍအားလုံးတွင် ပူးပေါင်းဆောင်ရွက်မည်

ရန်ကုန်၊ ဧပြီ ၂၅

မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး- NMSP-AD) နှင့် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) တို့ နိုင်ငံရေး၊ စစ်ရေး၊ လူမူကယ်ဆယ်ရေးအပါအဝင် အခြား ကဏ္ဍအသီးသီးတို့တွင် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း MSFC အဖွဲ့မှ နိုင်မွန်စိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဧပြီလ ၂၂ ရက်နေ့ မွန်ပြည်ဖက်ဒရယ်ကောင်စီမှ ကောင်စီဝင် ၉ ဦး၊ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)မှ နိုင်ငံရေးစစ်ရေးဦးဆောင်အဖွဲ့ဝင်၆ ဦး တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ထိုသို့ ပူးပေါင်းဆောင်ရွက်ကြရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ အဓိကကတော့ ပထမပိုင်း နိုင်ငံရေးကိစ္စနဲ့ စစ်ရေးကိစ္စတွေမှာ သတင်းအချက်အလက်တွေ ဖလှယ်ကြပါတယ်။ ဘယ်လုပ်ငန်းကို ဘာလုပ်ကြမယ်ဆိုတဲ့ သဘောတူညီမှုတော့ မရှိသေးပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ၂ ဖွဲ့ကြားထဲမှာ ဒီလိုမျိုး နောင်ကျရင် လုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ လုပ်ငန်းညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်းဖို့ ရှိပါတယ်။ အဲဒါ သဘောတူညီမှုတစ်ခုကိုတော့ ရခဲ့ပါတယ်။ နောက်ပိုင်း အသေးစိတ် ဘယ်လိုလုပ်ကြမလဲဆိုတာတော့ အဲဒီအဖွဲ့မှာ ဆွေးနွေးကြမှာ ဖြစ်ပါတယ်” ဟု MSFC အဖွဲ့မှ နိုင်မွန်စိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

လက်ရှိအချိန်တွင် MMSP-AD တပ်နှင့် MSFC တပ်များသည် နေရာတစ်နေရာစီဖြစ်သည့်အတွက် စစ်ရေးပူးပေါင်းမှုများ မရှိသေးသော်လည်း မဟာမိတ်တပ်အနေနှင့် ရှိသည့် မွန်ပြည်ကာကွယ်ရေးတပ်နှင့်မူ အနီးကပ်ရှိနေကြောင်း MSFC က ပြောဆိုသည်။

မွန်ပြည်နယ်နှင့် မွန်ဒေသသည် အခြားပြည်နယ်များနှင့် နှိုင်းယှဉ်ပါက စစ်ရေးအဟုန်များ အားနည်းနေသေးကြောင်း ၊ ယခုထက် ပို၍ အားကောင်းလာစေရန် တော်လှန်ရေးအဖွဲ့အစည်းများကြားတွင် ယုံကြည်မှုတည်ဆောက်ခြင်း၊ သတင်းအချက် အလက်များ ဖလှယ်ခြင်း၊ အချို့သော တူညီသည့် လုပ်ငန်းများ ပူးပေါင်းလုပ်ကိုင်ရင်း မဟာဗျူဟာမြောက် စစ်ရေးလုပ်ငန်းများတွင် လုပ်ဆောင်ကြမည်ဖြစ်ကြောင်း MSFC အဖွဲ့မှ နိုင်မွန်စိုင်းက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article