36 C
Yangon

Khit Thit သတင်းဌာန၏ ဧပြီ ၂၅ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဧပြီ ၂၅ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ သင်္ဃန်းညီနောင် ခမရ ၃၅၅၊ ၃၅၆ ၊ ၃၅၇ နဲ့ ဗျူဟာကုန်းစခန်းနေရာတွေကို KNLA တပ်တွေကသာ စိုးမိုးနေရာယူထားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုအလုပ် အမှုဆောင် ၊ ပြောခွင့်ရ ပဒိုစောတောနီးက ပြောပါတယ်။
  • မန္တလေးတိုင်း၊ မတ္တရာမြို့ပေါ်က လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ မြို့နယ်စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးသက်နိုင်စိုး ပစ်ခတ်ခံရပြီး သေဆုံးသွားတဲ့ ဗီဒီယိုဖိုင် ထွက်ပေါ်လာတယ်လို့ သိရပါတယ်။
  • ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တရုတ်ရဲ့ နှိမ်နင်းမှုတွေကြောင့် အွန်လိုင်း ငွေလိမ်လည်ဂိုဏ်းကျားဖြန့် လုပ်ငန်း တွေဟာ ကရင်ပြည်နယ်သို့ ရွှေ့ပြောင်းနေပြီး စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ် BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ၊ မုတ်သုံ၊ တင်ဝင်း၊ စိုင်းကျော်လှ၊ ရော်ဂျာခင်တို့က အဓိကပါဝင် ပတ်သက်နေသူတွေ အဖြစ် အမေရိကန် United States Institute of Peace (USIP) က ရဲ့ အစီအရင်ခံစာမှာ ဖော်ပြထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article