30 C
Yangon

ကလေးမြို့နယ်၊ ပျဉ်းတောဦးကျေးရွာတွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံး

Must read

ကလေးမြို့နယ်၊ ပျဉ်းတောဦးကျေးရွာတွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၂၅

စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်မြောက်ပိုင်း၊ ပျဉ်းတောဦး ကျေးရွာတွင် ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ၍ ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ယမန်နေ့ ဧပြီလ ၂၄ ရက်နေ့ ညနေ ၄ နာရီကျော်အချိန် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သောလက်နက်ကြီးကျည်သည် ကလေးမြို့နယ်၊ ပျဉ်းတောဦးကျေးရွာတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၁၀ နှစ်အရွယ် ကလေး ၂ ဦး၊ သက်ကြီးရွယ်အို အမျိုးသား ၁ ဦး စုစုပေါင်း ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

“မနေ့က နန်းချောင်းကျေးရွာဘက်မှာ တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်တော့ စစ်တပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်တာ။ အဲဒါ ပျဉ်းတောဦးကျေးရွာထဲကို လက်နက်ကြီးတွေကျပြီး ကလေးတွေနဲ့ သက်ကြီးရွယ်အိုပြည်သူ ၁ ဦး သေဆုံးတာဖြစ်ပါတယ်” ဟု ဒေသတော်လှန်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။

စစ်ကောင်စီတပ်က ယမန်နေ့ ကလေးမြို့နယ်၊ နန်းချောင်းကျေးရွာ ၊ ယောက်ချိုကွင်းကျေးရွာတို့ကို စစ်ကောင်စီတပ်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ဒေသပြည်သူများ စစ်ဘေးရှောင် ထွက်ပြေးနေရကြောင်း သိရှိရသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article