30 C
Yangon

စစ်ကောင်စီ ရေတပ်မှပစ်ခတ်မှုကြောင့် ပေါက်တောမှ ဒေသခံ ၃ ဦး ဒဏ်ရာရ၊ သံတွဲတွင် တိုက်ပွဲများကြောင့် ပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေးနေရ

Must read

စစ်ကောင်စီ ရေတပ်မှပစ်ခတ်မှုကြောင့် ပေါက်တောမှ ဒေသခံ ၃ ဦး ဒဏ်ရာရ၊ သံတွဲတွင် တိုက်ပွဲများကြောင့် ပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေးနေရ

ရန်ကုန်| ဧပြီ ၂၇

ရခိုင်ပြည် ပေါက်တောမြိုနယ်တွင် ဧပြီလ ၂၅ ရက်နေ့ ညနေပိုင်အချိန်က စစ်ကောင်စီရေတပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ၃ ဦးထိခိုက်ဒဏ်ရာရမှုရှိကြောင့် ဒေသတွင်းနေထိုင်သူများက ပြောသည်။

ရေတပ်မှ ပစ်ခတ်သည့်လက်နက်ကြီးမှာ ကျေးရွာအတွင်းသို ကျရောက်ပြီး ကျေးရွားသား ၃ ဦးထိခိုက်ဒဏ်ရာရကာ နေအိမ် ၂ လုံးပျက်စီးမှုရှိသည်ဟု ကျေးရွာသားတစ်ဦးကပြောသည်။

“ညနေ ၅ နာရီလောက်မှာ ရေတပ်ကနေ လက်နက်ကြီးနဲ့ ရွာဖက်ကိုလှမ်းပစ်တာပါ။ စုစုပေါင်း ၁၀ ကြိမ်ပစ်တယ်။ လက်နက်ကြီး ၇ လုံးက ကျနော်တိုရွာဖက်မှာကျတယ်။ ကလေး ၂ ယောက်နဲ့ လူကြီးတစ်ယောက်ဒဏ်ရာရတယ်။ ဒဏ်ရာတွေကတော့ နည်းနည်းပြင်းတယ်” ဟုပြောသည်။

ထိခိုက်ဒဏ်ရာရသူများမှာ ပေါက်တော တောင်ဦးမော်နှင့် အနောက်ရွာတိုမှဖြစ်ပြီး အသက် ၁၆ နှစ်အရွယ် အငယ်မချေ၊ အသက် ၁၅ နှစ်အရွယ် ကိုစိုးလွင်နှင့် အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးတိုဖြစ်ကြောင်း သိရသည်။

ပေါက်တောမြိုနယ်ရှိ ကျေးရွာများကို စစ်ကောင်စီ၏ စစ်ရေယာဥ်များနှင့် စစ်တွေရှိ တပ်စခန်းများမှနေ၍ မကြာခဏ လက်နက်ကြီးများဖြင့် လှမ်းပစ်ခတ်မှုများရှိနေပြီး ထိုသိုပစ်ခတ်မှုကြောင့် တောင်ဦးမော်ကျေးရွာ၊ လက်ပံပြား၊ ဝရမ်းကုန်း၊ ကြိမ်ခွေမော်၊ သဲခုံ၊ မနော်သီရီ စသည့်ကျေးရွာများသိုလည်း ကျရောက်မှုရှိကာ ဒေသခံများထိခိုက်ဒဏ်ရာရသည်များလည်းရှိခဲ့သည်။

လက်ရှိ လက်နက်ကြီးကျရောက်မှုရှိသည့် တောင်ဦးမော်ကျေးရွာမှာ အိမ်ထောင်စု ၇၀ ကျော်ခန့်ရှိပြီး လက်နက်ကြီးကျရောက်လာမှုကြောင့် စိုးရိမ်ထိတ်လန့်လျက်ရှိနေကြသည်ဟု ကျေးရွာသားများက ဆိုသည်။

“သူတိုကပစ်ချင်တဲ့နေရာကို ပစ်နေတာပါပဲ။ ခုလိုထိခိုက်ဒဏ်ရာရတာတွေရှိလာတော့ ကြောက်တော့ကြောက်ကြရတာပဲ။ ဒါပေမယ့် ကျနော်တိုမှာ ထပ်ပြေးစရာမြေလည်းမရှိတော့ဘူး” ဟုပြောသည်။

စစ်ကောင်စီတပ်မှ ပေါက်တောမြိုနယ်အပြင် ရက္ခိုင့်တပ်တော်ထိန်းချုပ်ထားသည့် တစ်ခြားမြိုနယ်များကိုလည် လေကြောင်း၊ ရေကြောင်းတိုမှ ပစ်ခတ်မှုများ ဆက်လုပ်ဆောင်လျှက်ရှိနေသေးကာ ထိုသိုပစ်ခတ်မှုများကြောင်း သေဆုံး၊ ထိခိုက်သူများလည်း အများအပြားရှိလာပြီလည်းဖြစ်သည်။

ဧပြီလ ၂ ရက်နေ့ စစ်တွေမြိုရှိ စစ်ကောင်စီ၏ အမှတ် ၁၂ ရဲတပ်ရင်းမှ လှမ်းပစ်ခတ်သော လက်နက်ကြီးကြောင့် ပေါက်တောမြိုနယ် မော်ထုပ်ကြီးကျေးရွာမှ အမျိုးသမီး ၃ ဦးအပါအဝင် အရပ်သား ၆ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်။

ထို့ပြင် ရခိုင်ပြည် သံတွဲမြို့နယ် သူဌေးရေအားလျှပ်စစ်စီမံကိန်းအနီး စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် ‌AA တို့ တိုက်ပွဲပြင်းထန်နေ၍ အနီးအနားကျေးရွာ ၆ ရွာထက်မနည်းက လူဦးရေ တစ်သောင်းခန့်မှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

AA နှင့် စစ်ကောင်စီတပ်တို့မှာ ဧပြီလ ၂၂ ရက်နေ့ကစ၍ သူဌေးရေအားလျှပ်စစ်စီမံကိန်းအနီး ဒေါ်မြရွာ၊ ပုရစ်ရွာနှင့် ရေကောက်ရွာအနီးဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားနေကြပြီး ယမန်နေ့အချိန်အထိ တိုက်ပွဲက ပြင်းထန်နေခဲ့ကြောင်း သိရှိရသည်။

ရွှေလှေဒေသခံတစ်ဦးက ” ရေအားလျှပ်စစ်စီမံကိန်းအနီးမှာ ရွှေလှေအပါအဝင် ထိုဖက်ကမ်းမှာဆိုရင် ကျေးရွာ ၆ ရွာထက်မနည်းရှိတယ်။ အဲက ရွားသားတွေက အကုန်လုံး စစ်ရှောင်နေကြရပြီ။ ခန့်မှန်းရင်တော့ တစ်သောင်းလောက်တော့ ရှိမယ်ထင်တာပဲ။ ရွှေလှေနဲ့ ဒီဖက်ကမ်းမှာရှိတဲ့ ရွာတွေက အနည်းငယ်လောက်ပဲ စစ်ရှောင်နေကြတယ်။ တိုက်ပွဲက အရမ်းပြင်းထန်တယ်” ဟု ပြောသည်။

သူဌေးရေအားလျှပ်စစ်စီမံကိန်း မရောက်မီ ရှိသော ကျေးရွာများမှာ ရွှေလှေချောင်း ထိုဘက်ကမ်းတွင် ပုရစ်၊ ဒေါ်မြ၊ ရေကောက်၊ ဆူးပုတ်ကုန်း၊ ဘုရားမော်၊ ချင်းကွင်းတို့ရှိပြီး ရွှေလှေဘက်ကမ်းတွင် ရွှေလှေ၊ လင်းသီ၊ ပေါက်တော၊ မန်ကျည်ချောင်၊ ရှင်စောပြင် စသည့် ကျေးရွာများ ရှိကြသည်။

ယင်းကျေးရွာများထဲမှ ပုရစ်၊ ဒေါ်မြ၊ ရေကောက်၊ ဆူးပုတ်ကုန်း၊ ဘုရားမော်၊ ချင်းကွင်း စသည့် ကျေးရွာဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်။

စစ်ကောင်စီတပ်နှင့် AA တို့ တိုက်ပွဲ ယမန်နေ့ ဧပြီလ ၂၆ ရက်တွင် ယခင်ရက်ထက် ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဓာတ်ပုံ- စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် ပျက်စီးသွားသော ရခိုင်ပြည်သူတစ်ဦး၏ နေအိမ်တစ်လုံး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article