28 C
Yangon

အုတ်ဖိုမြို့နယ်၊ တင်းဝါးချောင်းရွာအနီးတွင် ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြား

Must read

ရန်ကုန်၊ ဧပြီ ၂၇

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ တင်းဝါးချောင်းရွာအနီးတွင် ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၁၅ ဦး သေဆုံးခဲ့ကြောင်း တပ်ရင်း ၃၈၀၁ တပ်ခွဲ ၅ ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂၆ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်နှင့် ၂၇ ရက်နေ့ နံနက် ၈ နာရီခန့်တွင် အုတ်ဖိုမြို့နယ် အရှေ့ဘက် ဗျူဟာလမ်း တင်းဝါးချောင်း ကျေးရွာ အနီးအတွင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် တပ်ရင်း ၃၈၀၁ တပ်ခွဲ ၅ ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့တို့ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ထိတွေ့ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၁၅ ဦး သေဆုံးပြီး ၇ ဦး ပြင်းထန် ဒဏ်ရာရရှိကာ တော်လှန်ရေး တပ်ဖွဲ့များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article