32 C
Yangon

မရမ်းကုန်းမြို့နယ်၊ ၃ ရပ်ကွက်၊ အောင်သိဒ္ဓိလမ်းဘေးရှိ အိမ်ခြေ ၆၀၀ နီးပါးကို ကျူးကျော်ဟုဆိုကာ စစ်တပ်နှင့် စည်ပင်က အတင်းအကျပ် ဖယ်ရှားခိုင်း

Must read

ရန်ကုန်၊ ဧပြီ ၂၇

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ၃ ရပ်ကွက်၊ အောင်သိဒ္ဓိလမ်းဘေးရှိ အိမ်ခြေ ၆၀၀ နီးပါးကို ကျူးကျော်ဟုဆိုကာ စစ်တပ်နှင့် စည်ပင်က ဖယ်ရှားခိုင်းနေကြောင်း ရပ်ကွက်နေ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဧပြီလ ၂၆ ရက်နေ့ နံနက်ပိုင်း မရမ်းကုန်းမြို့နယ် အမှတ် ၃ ရပ်ကွက် အောင်သိဒ္ဓိလမ်း ၈အိမ်စု မင်းဓမ္မလမ်း အနီး ရပ်ကွက်အတွင်းရှိနေအိမ် ၆၀၀ ကို ကျူးကျော်အိမ်များဟုဆိုကာ စစ်တပ်နှင့် စည်ပင်က ရက်ပေါင်း ၃၀ အတွင်း အပြီးအပိုင် ဖျက်သိမ်း ဖယ်ရှားပေးရန် အကြောင်းကြားစာများ ပေးပို့လာကြောင်း၊ နေအိမ် ၆၀၀ နီးပါးကို လာမည့် မေလ ၂၇ ရက်နေ့ နောက်ဆုံးထား ဖျက်သိမ်းရန် အသိပေးလာကြောင်း သိရှိရသည်။

“နေအိမ်တွေက နေလာတာက နှစ်ပေါင်း ၃၀ ကျော် ၊တချို့ဆိုရင် နှစ်ပေါင်း ၄၀ အထိအဆင့်ဆင့်နေထိုင်လာကြတာပါ။ကျူးကျော်လည်းမဟုတ်ပါဘူး။ အခုမှ စည်ပင်ပိုင်ဆိုပြီး ထလုပ်တာပါ။ အိမ်ခြေ ၅၀၀ နဲ့ ၆၀၀ အကြားရှိပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ယခင် ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်းတွင်လည်း အဆိုပါရပ်ကွက် အတွင်း မျက်နှာချင်းဆိုင် လမ်း ၃ ရပ်ကွက် ကံသာဇေယျံ ဘုန်း ကြီးကျောင်းလမ်း မင်းဓမ္မလမ်း(ထူး မင်းဓမ္မ ကွန်ဒို အနီး) ရပ်ကွက်များကိုအတင်းအဓမ္မ ကျူးကျော်အမည်တပ်၍ ဘူဒိုဇာ၊ မြေကော်စက်များဖြင့် ဖျက်ဆီးသွားခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article