30 C
Yangon

မတ္တရာတွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်က ဟင်္သာကုန်းကျေးရွာအပါအဝင် ကျေးရွာ ၃ ရွာကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ ဧပြီ ၂၇

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်က ကျေးရွာ ၃ ရွာကို မီးရှို့ဖျက်ဆီးနေပြီး ဟင်္သာကုန်းရွာကို ရွာလုံးကျွတ် နီးပါး မီးရှို့နေကြောင်း မတ္တရာမြို့နယ် ပကဖ သတင်း တာဝန်ခံ ကိုဘိုတောက်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဧပြီလ ၂၇ ရက်နေ့ နံနက် ၉ နာရီခန့်အချိန် စစ်ကိုင်းမြို့နယ်၊ စဉ့်ကိုင်းရွာမှ အင်အား ၂၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မတ္တရာမြို့နယ် အတွင်းစစ်ကြောင်းထိုး ဝင်ရောက်လာပြီး ရှင်လှကျေးရွာ၊ ထန်းခြောက်ပင်ကျေးရွာနှင့် ဟင်္သာကုန်းကျေးရွာ တို့ကို ဆက်တိုက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် ၏ မီးရှို့ဖျက်ဆီးခြင်းကြောင့် ဟင်္သာကုန်းကျေးရွာသည် ရွာလုံးကျွတ် နီးပါး မီးလောင်နေပြီး ပျက်စီးဆုံးရှုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း၊ လက်ရှိချိန်တွင် ဒေသပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။

“ဒီမနက် ၉ နာရီလောက်က စစ်ကိုင်းမြို့နယ် စဉ့်ကိုင်ကျေးရွာကနေ ကျွန်တော်တို့ မတ္တရာ နယ်ထဲကို ကူလာတဲ့ စစ်ခွေး အင်အား ၂၀၀ ဝန်းကျင်ခန့်ဟာ ကျွန်တော်တို့ မတ္တရာမြို့နယ်ထဲကို ဝင်ရောက်လာတာရှိတယ်။ စစ်ခွေးတွေဟာ ကျွန်တော်တို့ မတ္တရာမြို့နယ် နောက်ခြမ်းကနေပြီးတော့မှ မန္တလေးဘက်ကို ပြန်ဆုတ်နေရင်းနဲ့ ဒီကြားထဲမှာရှိတဲ့ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေတာဖြစ်တယ်။ စစ်ခွေးတွေက ရှင်လှကျေးရွာ၊ ထန်းခြောက်ပင်ကျေးရွာနဲ့ ဟင်္သာကုန်းကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေတာဖြစ်တယ်။ အခုတော့ အိမ်ခြေ ဘယ်လောက် ပါသွားတယ်ဆိုတာ အတည်ပြုလို့ မရသေးပါဘူး။ စစ်ခွေးတွေကလည်း အဲနေရာ ဝန်းကျင်မှာရှိနေတယ်။ ဟင်္သာကုန်းကျေးရွာကတော့ ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးနေတဲ့ အခြေအနေပါ” ဟု မတ္တရာမြို့နယ် ပကဖ သတင်း တာဝန်ခံ ကိုဘိုတောက်က ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article