30 C
Yangon

ရေဖြူမြို့နယ်တွင် ခရီးသည်တင် ကားများထံမှ ဆက်ကြေး ကောက်ခံနေသော ဒုရဲအုပ် ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရေဖြူမြို့နယ်တွင် ခရီးသည်တင် ကားများထံမှ ဆက်ကြေး ကောက်ခံနေသော ဒုရဲအုပ် ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဧပြီ ၂၇

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် ဂ ရပ်ကွက် နေရာသစ် ထမင်းဆိုင်အနီးတွင် ခရီးသည်တင် ကားများထံမှ ဆက်ကြေး ကောက်ခံနေသော ဒုရဲအုပ် ၁ ဦးကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း Dawei Guerrilla Revolutionary Force – DGRF အဖွဲ့ထံမှ သိရသည်။

ဧပြီလ ၂၆ ရက်နေ့ ညနေ ၄ နာရီ ၂၂ မိနစ်ခန့်တွင် ရေဖြူမြို့နယ် ဂ ရက်ကွက် နေရာသစ် ထမင်းဆိုင်အနီး ခရီးသည်တင်ကားများထံမှ အတင်း အဓမ္မ ဆက်ကြေး ကောက်ခံနေသော ဒုရဲအုပ် ၁ ဦးကို တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Dawei Guerrilla Revolutionary Force-DGRF ၊ ထားဝယ်မြို့နယ်-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထားဝယ်-ပကဖ ၊ DGRF-ဥဩစစ်ကြောင်း-DDPDF တပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article