37 C
Yangon

Khit Thit သတင်းဌာန၏ ဧပြီ ၂၇ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဧပြီ ၂၇ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • မြ၀တီမြို့စောင့်တပ် ၂၇၅ မှာ စစ်ကောင်စီက အလံတင်ပြမှုဟာ ပြည်သူလူထုကို စိတ်ဓာတ်ကျအောင်နဲ့ ညီညွတ်မှု ပြိုကွဲအောင် လုပ်တဲ့ ထောင်ချောက်ဖြစ်တယ်လို့ အမေရိကန်စစ်တပ် အငြိမ်းစား ဒုဗိုလ်မှူးကြီး ဒေါက်တာ မီမီဝင်းဘတ် က သတိပေးလိုက်ပြီး ၊ ဒေါနတောင်က စစ်တပ် စစ်ကူတွေကို တိုက်ခိုက်ဟန့်တားနေတဲ့ တော်လှန်ရေး တပ်ဖွဲ့တွေကို အားလုံးက အကူအညီပေးကြဖို့ အရေးကြီးဆုံး ဖြစ်တယ်လို့ ဒေါ်မီမီဝင်းဘတ်က သတိပေးပြောဆိုလိုက်ပါတယ်။
  • ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်က တင်းဝါးချောင်း ကျေးရွာ အနီးမှာအကြမ်းဖက် စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေအကြား ၂ ရက်ဆက် တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် စစ်ကောင်စီဘက်က ၁၅ ဦး ဝန်းကျင်လောက်ဟာ အသီးသီးသေကုန်ကြပြီလို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ တပ်ခွဲ ၅ ရဲ့ တာဝန်ရှိသူ ၁ ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်မှာ စာရေးဆရာ လင်းညှို့သွေး ဆိုသူကို အကြမ်းဖက် စစ်တပ်က အတင်းအဓမ္မရိုက်နှက် ဖမ်းဆီးသွားပြီးနောက် အဆက် အသွယ်မရတော့ဘဲ ပျောက်ဆုံးနေတယ်လို့ မိတ်ဆွေတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • မြန်မာစစ်တပ်က အဓမ္မပြုကျင့်တာတွေကို စစ်လက်နက်သဖွယ် အသုံးပြုနေတယ်လို့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီ အစည်းအဝေးမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက တင်ပြပြောဆိုသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article