25 C
Yangon

ဝက်လက်မြို့နယ်၊ စဉ့်ကိုင်ကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁ ဦး သေဆုံး၊ တန့်ဆည်မြို့နယ်ရှိ သဲကုန်းရွာကို ရောက်ရှိနေသော စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ဝက်လက်မြို့နယ်၊ စဉ့်ကိုင်ကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁ ဦး သေဆုံး၊ တန့်ဆည်မြို့နယ်ရှိ သဲကုန်းရွာကို ရောက်ရှိနေသော စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ ဧပြီ ၂၈

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စဉ့်ကိုင်ရွာနှင့် တပ်ရွာ အကြားကို ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့အစေခံ တော်လှန်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ဧပြီလ ၂၆ ရက်နေ့တွင် စစ်ကိုင်းမြို့နယ်ဘက်မှ ဝက်လက်မြို့နယ် အရှေ့တောင်ခြမ်းကို စစ်ကြောင်း ထိုးလာသော အင်အား ၁၅၀ ခန့်ပါ စစ်ကြောင်းကို ဝက်လက်မြို့နယ် စဉ့်ကိုင်ကျေးရွာနှင့် တပ်ရွာ အကြား အရောက်တွင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၁ ဦး သေဆုံးပြီး ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း မတ္တရာမြို့ ဘောလုံးကွင်းအတွင်း၌ ရှိသော အကြမ်းဖက် စစ်တပ် က ၁၂၂ မမ ဟောင်ဝှစ်ဇာ လက်နက်ကြီးဖြင့် ၇ ချက်တိတိ ပစ်ကူပေးခဲ့ပြီး အကြမ်းဖက် စစ်တပ် စစ်ကြောင်းမှာ ဧရာဝတီမြစ်ကို ဖြတ်ကူး၍ မတ္တရာမြို့နယ်၊ မိုးကြိုးရွာဘက်ကို ဆုတ်ခွာသွားကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့၊ လျှပ်စီးပြောက်ကျားတပ်ဖွဲ့၊ ရွှေဘိုခရိုင် တပ်ရင်း ၁၇ ၊ ရွှေဘိုခရိုင် တပ်ရင်း ၁၈ နှင့် မတ္တရာမြို့နယ် ပကဖ အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း၊ ထို့ပြင် အမှတ် ၁/၂ တပ်ရင်း ပူးပေါင်း (Drone တပ်ဖွဲ့)၊ M.SAI.NAW (ပြောက်ကျား တပ်ဖွဲ့)၊ ၀က်လက်မြို့နယ် ပကဖ (Drone တပ်ဖွဲ့) နှင့် Burmese Dragon Force (Drone တပ် ဖွဲ့) တို့ကလည်း ပူးပေါင်းပြီး ဗုံးသီး ၂၄ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ သဲကုန်းရွာကို ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Freedom Revolution Force (FRF) အဖွဲ့ထံမှ သိရသည်။

ဧပြီလ ၂၇ ရက်နေ့တွင် ကန့်ဘလူမြို့ ၆၀၀၆ တပ်ရင်းမှ ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တန့်ဆည်မြို့နယ် သဲကုန်းရွာကို ရောက်ရှိနေစဉ် Freedom Revolution Force (FRF) အဖွဲ့နှင့် အတူ မဟာမိတ်အဖွဲ့များက Drone များဖြင့် ၆၀ မမ ဗုံးသီး ၈ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုများပြားသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Freedom Revolution Force (FRF) နှင့်အတူ ရွှေဘိုခရိုင်တပ်ရင်း ၂၄ ၊ DPY-ဖီးနစ်တို့ က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article