28 C
Yangon

တောင်သာမြို့နယ်ရှိ စစ်တပ်က တပ်စွဲထားသော ရုံးစည်ကြီးရွာနှင့် ပျူစောထီးများ လိုက်ပါလာသော ကားကို တိုက်ခိုက်မှု ၁ ဦးသေဆုံး

Must read

တောင်သာမြို့နယ်ရှိ စစ်တပ်က တပ်စွဲထားသော ရုံးစည်ကြီးရွာနှင့် ပျူစောထီးများ လိုက်ပါလာသော ကားကို တိုက်ခိုက်မှု ၁ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၂၈

မန္တလေးတိုင်း၊ တောင်သာမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်က တပ်စွဲထားသော ရုံးစည်ကြီးရွာနှင့် ပျူစောထီးများ လိုက်ပါလာသော ကားကို တိုက်ခိုက်ရာ ၁ ဦးသေဆုံးခဲ့ကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂၃ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်ခန့်တွင် တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့် မလှိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်း၍ တောင်သာမြို့နယ်၊ ရုံးစည်ကြီးရွာ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးပြီး ဗိုလ်ကြီး ၁ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးသွဦးသော စစ်သား အလောင်းနှင့် ပြင်းထန် ဒဏ်ရာရရှိထားသော ဗိုလ်ကြီးကို ည ၈ နာရီ ၃၀ မိနစ်ခန့်တွင် ကား ၂ စီးဖြင့် မလှိုင်မြို့နယ်မှ တစ်ဆင့် မိတ္ထီလာကို ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ဧပြီလ ၂၅ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထနောင်းကုန်းရွာမှ ပျူစောထီး ခေါင်းဆောင် ထူးအောင်နှင့် အပေါင်းများ လိုက်ပါသောကားကို ထနှောင်းကုန်းရွာနှင့် ကျောက်ပုံရွာ အကြားတွင် မိုင်း ဆွဲတိုက်ခိုက်ခဲ့ပြီး ကားမှာ ထိုးရပ်သွားသော်လည်း ပျူစောထီး ခေါင်းဆောင်များ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်းသိရသည်။

“အဲတိုက်ခိုက်မှုက စစ်ခွေး ၁ ကောင် သေပါတယ်။ ဗိုလ်ကြီး ၁ ကောင်လည်း အပြင်းအထန် ဒဏ်ရာရပြီး ထီလာကို ပို့ထားရတယ်။ ပျူစောထီး ကားကို မိုင်းဆွဲတာတော့ အသေအပျောက် မသိရသေးဘူး” ဟု တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article