32 C
Yangon

စလင်းမြို့နယ်တွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို ၂ ရက်ဆက် လိုက်လံ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြား

Must read

စလင်းမြို့နယ်တွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို ၂ ရက်ဆက် လိုက်လံ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြား

ရန်ကုန်၊ ဧပြီ ၂၈

မကွေးတိုင်း၊ စလင်းမြို့နယ်တွင် စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို ၂ ရက်ဆက် လိုက်လံ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူများပြားကြောင်း စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂၆ ရက်နေ့ နံနက် အ‌စောပိုင်းတွင် တညောင်ရွာစခန်းမှ အကြမ်းဖက် စစ်သားများနှင့် ရဲ များပါဝင်သော အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းသည် တညောင်တိုက်နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက် လာသောကြောင့် ယင်းနေ့ နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် စလင်းပြည်သူကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ရဲ ၂ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်းသိရသည်။

ယင်းနေ့ ညနေပိုင်းတွင်လည်း အကြမ်းဖက် စစ်တပ်က ကျေးရွာများကို ထပ်မံ စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် တော်လှန်ရေး တပ်ဖွဲ့များက Rocket၊ လက်နက်ကြီးများဖြင့် ထပ်မံ ပိတ်ဆို့ တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဆုတ်ခွာ ထွက်ပြေးသွားကြောင်း သိရသည်။

ဧပြီလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းမှ ၅၀ ခန့်သည် စစ်ကြောင်းထွက်ခွာလာရာ နေရာကို ပြန်လည်ဆုတ်ခွာသွားပြီး ကျန်ရှိနေသော စစ်‌ကြောင်းသည် လျှော်ဖြူ တောထဲတွင် ကင်းပုန်းဝတ်နေစဉ် တော်လှန်ရေး တပ်ဖွဲ့များက ၆၀ မမ လက်နက်ကြီးဖြင့် ထပ်မံ ပစ်ခတ် တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုများပြားပြီး အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article