34 C
Yangon

ကံပြား-စေတုတ္တရာ လမ်း‌ပိုင်းတွင် အင်အားဖြည့်တင်းရန် လာသည့် စစ်တပ် ထောက်ပို့ကားကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

Must read

ကံပြား-စေတုတ္တရာ လမ်း‌ပိုင်းတွင် အင်အားဖြည့်တင်းရန် လာသည့် စစ်တပ် ထောက်ပို့ကားကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၂၈

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ကံပြား-စေတုတ္တရာ လမ်း‌ပိုင်းတွင် အင်အားဖြည့်တင်းရန် လာသည့် အကြမ်းဖက် စစ်တပ်၏ ထောက်ပို့ကားကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းမှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂၇ ရက်နေ့ ညနေ ၅ နာရီ ၃၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ကပစ ၂၀ တပ်ကို အင်အားဖြည့်ရန်လာသည့် စစ်ကောင်စီ တပ်သား ၁၈ ဦး လိုက်ပါလာသော ကား ၁ စီးကို မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းက ကံပြား-စေတုတ္တရာ လမ်း‌ပိုင်းတွင် မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦး သေဆုံးပြီး ၄ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားရာ နေရာကို ကံပြားစခန်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၅၀ ဝန်းကျင်ခန့်က ဆိုင်ကယ် ၆ စီး၊ ကားကြီး ၁ စီးနှင့် စစ်ကူ လာသောကြောင့် တော်လှန်ရေးရဲဘော်များ ထိခိုက်မှု မရှိဘဲ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“ကပစ ၂၀ ကို အင်အားဖြည့်ဖို့သွားတဲ့ စစ်ကောင်စီ ထောက်ပို့ကားကို မိုင်းဆွဲပြီး အနီးကပ်ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။ စစ်ကောင်စီတပ်သား ၃ ကောင်သေဆုံးပြီး ၄ ဦးဒဏ်ရာရတယ်။ ကံပြားစခန်းက စစ်ကောင်စီ တပ်သား ၅၀ ဝန်းကျင်က တိုက်ပွဲဖြစ်ပွားရာနေရာကို ဆိုင်ကယ် ၆ စီး၊ ကားကြီး ၁ စီးနဲ့ စစ်ကူလာလို့ တော်လှန်ရေးရဲဘော်တွေ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်” ဟု မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းမှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article