38 C
Yangon

အုတ်ဖိုမြို့နယ်အတွင်း ပြည်သူများကို စစ်မှုထမ်းရန် ပေါ်တာစွဲနေသည့် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး

Must read

အုတ်ဖိုမြို့နယ်အတွင်း ပြည်သူများကို စစ်မှုထမ်းရန် ပေါ်တာစွဲနေသည့် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၂၉

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်အတွင်း ပြည်သူများကို စစ်မှုထမ်းရန် ပေါ်တာစွဲနေသည့် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂၈ ရက်နေ့ ညနေ ၅ နာရီ ၇ မိနစ်ခန့်တွင် အုတ်ဖိုမြို့နယ် ဂွေးချိုကွင်းရွာနှင့် ကျွန်းလှကုန်းကို ဆက်သွယ်ထားသော တံတားအနီး၌ ရွာစဉ် လှည့်လည်၍ ပေါ်တာစွဲနေသော အင်အား၂၀ခန့် စစ်ကြောင်းကို သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) က ပဒေသာမိုင်း ၇ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မိုင်းဆွဲ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၅ ဦး သေဆုံးပြီး ၂ ဦး ပြင်းထန် ဒဏ်ရာရရှိကာ စစ်သား အလောင်းများနှင့် ဒဏ်ရာရရှိသူ ၂ ဦးကို အုတ်ဖို ဆေးရုံကို သယ်ဆောင်သွားကြောင်း သိရှိရသည်။

ယင်း မိုင်းဆွဲ တိုက်ခိုက်မှုအပြီး တော်လှန်ရေး ရဲဘော်များက နယ်မြေ ရှင်းလင်းရေး ပြုလုပ်စဉ် ဦးထုပ် ၃လုံး ၊ MA-3 ကျည်ဘောက်ရှည် ၁ ခု ၊ 5.56 ကျည် ၃၂တောင့် တို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“ဒဏ်ရာရရှိတဲ့ စစ်ခွေး ၂ ကောင်လည်း သေဆုံးဖို့များပါတယ်။ တော်လှန်ရေး ရဲဘော်တွေကတော့ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article