32 C
Yangon

ဘီးလင်းမြို့နယ်၊ တဂေးလောင်းရွာကို စစ်တပ်က အကြောင်းမဲ့ လေကြောင်းဖြင့် ဗုံးကျဲမှု စာသင်ဆောင်၊ နေအိမ်နှင့် ဈေးဆိုင်များပျက်စီး

Must read

ဘီးလင်းမြို့နယ်၊ တဂေးလောင်းရွာကို စစ်တပ်က အကြောင်းမဲ့ လေကြောင်းဖြင့် ဗုံးကျဲမှု စာသင်ဆောင်၊ နေအိမ်နှင့် ဈေးဆိုင်များပျက်စီး

ရန်ကုန်၊ ဧပြီ ၂၉

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တဂေးလောင်းရွာကို အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် စာသင်ဆောင်၊ နေအိမ်နှင့် ဈေးဆိုင်များ ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ဧပြီလ ၂၈ ရက်နေ့ ည ၁၁ နာရီ ၃၁ မိနစ်မှ ၃၆ မိနစ်ထိ အကြမ်းဖက် စစ်တပ်က ဘီးလင်းမြို့နယ်၊ တဂေးလောင်းရွာထဲကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ တဂေးလောင်းရွာ စာသင်ကျောင်းဝင်းထဲ ဗုံးသီး ၁ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းဆောင်အဆောက်အဦး ၃ လုံး ပျက်စီးခဲ့ကြောင်း၊ တဂေးလောင်းရွာရှိ ကိုဇော်လင်း၏ ဓာတ်ဆီဆိုင်၊ ကိုဝဏ္ဏထွန်း၏ ဆိုင်ကယ်ပြင်ဆိုင်၊ နော်ကပေါ်ထူးနှင့် နေဘလုထူးမိုး တို့၏ နေအိမ်တို့လည်း ဗုံးသီး ထိမှန်ကာပျက်စီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်သည် ယခု ရက်ပိုင်းအတွင်း တဂေးလောင်းရွာအနီးရှိ မင်းစောရွာကိုလည်း လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး မင်းစောရွာစာသင်ကျောင်းနှင့် နေအိမ် အဆောက်အဦးများ ထိခိုက်မှုရှိခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ပြည်သူများ နေထိုင်သည့် ကျေးရွာကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်နေခြင်းဖြစ်ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article