29 C
Yangon

မြန်မာတစ်နိုင်ငံလုံး System Breakdown ဖြင့် တစ်နိုင်ငံလုံး လျှပ်စစ်မီးများ ပြတ်တောက်ပြန်

Must read

ရန်ကုန်၊ ဧပြီ ၃၀

မြန်မာတစ်နိုင်ငံလုံး System Breakdown ဖြင့် လျှပ်စစ်မီးများ ပြတ်တောက်နေကြောင်း နေပြည်တော် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“အခု ၂ နာရီ ၁၀ မိနစ်မှာ တစ်နိုင်ငံလုံး System Breakdown ဖြစ်နေပါတယ်။ တစ်နိုင်ငံလုံး မီးပြတ်နေပါတယ်။ အရေးကြီးတဲ့ ဝန်ကြီးဌာန ရုံးတွေတော့ ဒီဇယ်မီးစက်တွေနဲ့ ယာယီ မီးချိတ်ပေးထားတယ်။ အကုန်ပျက်သွားတာ။ အခု ပြုပြင်နေပါတယ်” ဟု နေပြည်တော်လျှပ်စစ်ဝန်ကြီးဌာနမှ တာဝန်ရှိသူက ပြောဆိုသည်။

လက်ရှိ လျှပ်စစ်မီးပြတ်တောက်မှု အခြေအနေမှာ ဓာတ်အားရရှိမှု အပေါ် မူ တည်၍ ပေးနေရခြင်းဖြစ်ပြီး လက်ရှိ နွေရာသီကာလ လျှပ်စစ်သုံးစွဲမှု မြင့်မားလာကြောင်း၊ ရေအားလျှပ်စစ်ရရှိမှုမှာလည်း လုံး၀ မရှိသလောက်နည်းသွား၍ သဘာ၀ ဓာတ်ငွေ့ဖြင့် ထုတ်လုပ်လည်ပတ်နေသော လျှပ်စစ်ဓာတ်အား ကိုသာ အဓိကထား အသုံးပြု၍ အလှည့်ကျပေးဝေနေကြောင်း ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article