27 C
Yangon

ဆိပ်ဖြူမြို့နယ်တွင် စစ်ကား ၃ စီးကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး

Must read

ရန်ကုန်၊ မေ ၁

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်တွင် စစ်ကား ၃ စီးကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ NSP (ပကဖ) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂၇ ရက်နေ့ ဆိပ်ဖြူမြို့ပေါ်မှ ထွက်လာသော စစ်ကား ၁ စီးကို ဆိပ်ဖြူ-ပေါက် လမ်းပိုင်းတစ်နေရာတွင် တော်လှန်ရေး တပ်ဖွဲ့များက အသင့်စောင့်ကြိုပစ်ခက်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းပစ်ခတ် တိုက်ခိုက်မှုအတွင်း အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီး စစ်သား ၂ ဦး သေဆုံးကာ စစ်သား တချို့ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဧပြီလ ၃ဝ ရက်နေ့တွင် ဆိပ်ဖြူမြို့နယ်၊ ၁ဝ မိုင်လမ်းဆုံဂိတ်မှ ထွက်လာသော စစ်ကား ၂ စီးကို ဆိပ်ဖြူ-ပေါက် လမ်းပိုင်း တစ်နေရာတွင် တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ရှေ့ဆုံးကား ၁ စီး မိုင်းထိမှန်ခဲ့ပြီး ယင်းကားပေါ်လိုက်ပါလာသည့် စစ်သား ၃ ဦးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ NSP (ပကဖ) ၊ ပခုက္ကူခရိုင် အမှတ်(၄)တပ်ရင်း တပ်ခွဲ(၃) NSP တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article