32 C
Yangon

ဒီပဲယင်းနှင့် မုံရွာမြို့နယ်တို့တွင် လေပြင်း တိုက်ခတ်မှုနှင့် မိုးသီး ကြွေကျမှုကြောင့် စေတီပုထိုးနှင့် ဘုန်းကြီးကျောင်းများ အပါအဝင် ကျေးရွာ ၅ ရွာမှ နေအိမ် အများအပြား ပျက်စီး

Must read

ရန်ကုန်၊ မေ ၂

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် လေပြင်း တိုက်ခတ်မှုနှင့် မိုးသီး ကြွေကျမှုကြောင့် စေတီပုထိုးနှင့် ဘုန်းကြီးကျောင်းများ အပါအဝင် ကျေးရွာ ၅ ရွာမှ နေအိမ် အများအပြား ပျက်စီးခဲ့ကြောင်း ဒီပဲယင်းမြို့နယ်-စစ်ရှောင်ထောက်ပံ့ရေး အဖွဲ့ထံမှ သိရသည်။

ယမန်နေ့ မေလ ၁ ရက်နေ့ ညနေပိုင်းတွင် ဒီပဲယင်းမြို့နယ်အတွင်း လေပြင်း တိုက်ခိုက်မှုနှင့် မိုးသီးကြွေကျမှုကြောင့် စေတီပုထိုး ဘုန်း‌တော်ကြီးကျောင်းများ အပါအဝင် ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းရှိ တည်တောရွာ၊ သရက်ကန်ရွာ၊ ကိုင်းကံရွာ၊ မအုံးရွာနှင့် မြင်းတန်းရွာမှ နေအိမ် အများ အပြားပျက်စီးခဲ့ကြောင်း သိရသည်။

လေပြင်းတိုက်ခတ်ခံရသော ကျေးရွာများအနက် သရက်ကန်ကျေးရွာမှ နေအိမ် ၁၀၀ ကျော်ခန့် ထိခိုက်ပျက်စီးခဲ့ပြီး ကိုင်းကန်ကျေးရွာမှ မီးဘေးသင့် နေအိမ်များ အပါအဝင် ရွာလုံးကျွတ်နီးပါး ထိခိုက် ပျက်စီးခဲ့ကြောင်း၊ တချို့ကျေးရွာများသည် အကြမ်းဖက် စစ်တပ်၏ မီးရှို့ဖျက်ဆီးခြင်း ခံထားရသော ကျေးရွာများဖြစ်ကြောင်း သိရှိရသည်။

အလားတူ မေလ ၁ ရက်နေ့ ညနေ ၄ နာရီအချိန် စစ်ကိုင်းတိုင်း မုံရွာမြို့တွင်လည်း မိုးသက်လေပြင်းများ ကျရောက်ရာ နေအိမ်များ ပျက်စီးခြင်း၊ သစ်ပင်များ လဲပြိုခြင်းများဖြစ်ပွားခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

မိုးသက်လေပြင်းကျရောက်မှုကြောင့် မုံရွာမြို့ပေါ်ရပ်ကွက်အများအပြားတွင် နေအိမ်ခေါင်မိုးများ အမိုးလန်သွားပြီး သစ်ပင်နှင့်သစ်ကိုင်းများ ပြိုလဲကျိုးကျခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း၊ သိရှိရသည်။

“ညနေ (၄)နာရီလောက်ကစပြီး အနောက်မြောက်ဘက်ကနေ လေတွေ၊မိုးတွေ ကြမ်းတာ၊မိုးကြိုးတွေလည်း ဆက်တိုက်ပစ်နေတာ၊တော်တော်ကြမ်းတယ်၊နာရီ၀က်၊၄၅ မိနစ်လောက်ကြာတယ်”ဟု မုံရွာမြို့ခံတစ်ဦးက ပြောဆိုသည်။

မုံရွာမြို့အဓိက လမ်းမကြီးများဖြစ်သည့် ကျောက္ကာလမ်းမကြီးနှင့် သာစည်လမ်းမကြီးပေါ်ရှိ တမာပင်များ၊ ကုက္ကိုလ်ပင်များလည်း သစ်ကိုင်းကျိုးကျမှုများ ရှိခဲ့ကြောင်း၊ ရပ်ကွက်နေပြည်သူများနှင့် မုံရွာလူမှုကူညီရေးအသင်းများက ကူညီရေးလုပ်ငန်းများ ချက်ချင်းလုပ်ဆောင်ပေးခဲ့ကြရကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article