25 C
Yangon

မှော်ဘီမြို့နယ်၊ မြောင်းတကာစံပြရွာတွင် စစ်မှုထမ်းရန် ကင်းလွတ်ခွင့်ပေးမည်ဟုဆိုကာ လူငယ်တစ်ဦးလျှင် ငွေကျပ် ၁၀၀၀၀ နှုန်း ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က ကောက်ခံ

Must read

စစ်မှုထမ်း ဥပဒေဖြင့် လူသစ် စုဆောင်းနေသော အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများကို တိုက်ခိုက်သွားမည်ဟု မှော်ဘီ PDF ကြေညာ

ရန်ကုန်၊ မေ ၂

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မြောင်းတကာစံပြရွာတွင် စစ်မှုထမ်းရန် ကင်းလွတ်ခွင့်ပေးမည်ဟုဆိုကာ လူငယ်တစ်ဦးလျှင် ငွေကျပ် ၁၀၀၀၀ နှုန်း ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က ကောက်ခံနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂၉ ရက်နေ့မှ စတင်ကာ မှော်ဘီမြို့နယ်၊ မြောင်းတကာစံပြရွာတွင် ရာအိမ်မှူးနှင့် ဆယ်အိမ်မှူးများက စစ်မှုထမ်းရန် ကင်းလွတ်ခွင့်ပေးမည်ဟုဆိုကာ တစ်အိမ်ကို ငွေကျပ် ၁၀၀၀၀ နှုန်း အတင်း အဓမ္မ လိုက်လံကောက်ခံနေကြောင်း သိရသည်။

အဆိုပါ မြောင်းတကာရွာသည် အိမ်ခြေ ထောင်ကျော်ရှိသော စံပြကျေးရွာဖြစ်ပြီး စစ်မှုထမ်းရန် လူငယ်များ ရှိသည့် နေအိမ်များကို အဓိက ထားကောက်ခံနေပြီး ကျန်နေအိမ်များကို စစ်မှုထမ်း ရွေးချယ်ခံရသည့် နေအိမ်များကို ထောက်ပံ့ရန် ဟုဆိုကာ ပြောဆိုကောက်ခံနေခြင်းဖြစ်ကြောင်း သိရှိရသည်။

“အုပ်ချုပ်ရေးမှူး အဖွဲ့က စစ်မှုထမ်းမယ့် သူကို ရှာထားတယ်လို့ ပြောတယ်။ သူတို့ပဲ ပေါင်းစားတာလားမသိပါဘူး။ စစ်မှုထမ်းရမယ့် အရွယ်ရှိပြီး ပိုက်ဆံမထည့်ရင် ကင်းလွတ်ခွင့်မရှိဘူး။ ထည့်တဲ့သူတော့ လောလောဆယ် ကင်းလွတ်ခွင့်ရှိတယ်လို့ ပြောတယ်။ စစ်မှုထမ်းရမယ့် အရွယ်ရှိတဲ့ အိမ်တိုင်းကို ပိုက်ဆံလိုက်ကောက်နေတာ တစ်ယောက်ရှိ တစ်သောင်း၊ နှစ်ယောက်ရှိ နှစ်သောင်း ထည့်ရတယ်။ တစ်ယောက်ကို တစ်သောင်းနှုန်းနဲ့ ကောက်နေတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထိုအချိန်တွင် မှော်ဘီမြို့နယ်အတွင်း စစ်မှုထမ်း ဥပဒေဖြင့် လူသစ် စုဆောင်းနေသော အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ၏ အမည်စာရင်းများကို မှော်ဘီ PDF က မေလ ၁ ရက်နေ့တွင် ထုတ်ပြန်လိုက်ပြီး ပြင်းထန်စွာ အပြစ်ပေးမည်ဖြစ်ကြောင်း ကြေ ညာချက်တွင် ဖော်ပြထားသည်။

မှော်ဘီမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်အတွက် စစ်သားသစ် စုဆောင်းပေးနေသော မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးနှင့် အပေါင်းအပါများကို သတိပေးမှုမဟုတ်ဘဲ လက်တွေ့ တိုက်ခိုက်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အမည်စာရင်းတွင် ပါဝင်သော အကြမ်းဖက် စစ်ကောင်စီ လက်ပါးစေများနှင့် ပြည်သူများ နီးကပ်စွာ နေထိုင်ခြင်းများ မပြုလုပ်ရန် နှင့် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပါက ပြည်သူများ ဝိုင်းဝန်းကူညီကြရန် မှော်ဘီ PDF က မေတ္တာရပ်ခံထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article