30 C
Yangon

မိုင်းတုံတွင် တရုတ်ကျားဖြန့် လုပ်ငန်းများကို စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးကျော်ထင်က လာဘ်ငွေယူ အကာအကွယ် ပေးထားပြီး လောင်းကစား၊ မူးယစ်ဆေးဝါးနှင့် တရားမဝင်လုပ်ငန်းများစွာကို ဆက်ကြေးယူ ခွင့်ပြုထား

Must read

မိုင်းတုံတွင် တရုတ်ကျားဖြန့် လုပ်ငန်းများကို စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးကျော်ထင်က လာဘ်ငွေယူ အကာအကွယ် ပေးထားပြီး လောင်းကစား၊ မူးယစ်ဆေးဝါးနှင့် တရားမဝင်လုပ်ငန်းများစွာကို ဆက်ကြေးယူ ခွင့်ပြုထား

ရန်ကုန်၊ မေ ၂

ရှမ်းပြည်နယ်၊ အရှေ့ပိုင်း၊ နယ်စပ်မြို့ဖြစ်သည့် မိုင်းတုံမြို့နယ်တွင် တရုတ်ကျားဖြန့်လုပ်ငန်းများ အခြေချလာနေပြီး ယင်းလုပ် ငန်းများကို မိုင်းတုံအခြေစစ်ဗျူဟာမှူး ဗိုလ်မှူးကြီးကျော်ထင် ဦးဆောင်သော စစ်ကောင်စီတပ်ဖွဲ့များက အကာအကွယ်ပေးထားကြောင်း မိုင်းတုံတပ်တွင်းသတင်းရင်းမြစ်က ပြောဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှ နှိမ်နင်းခံရသော အွန်လိုင်းငွေလိမ်လည်သည့် တရုတ်ကျားဖြန့်ဂိုဏ်းများနှင့် လုပ်ကိုင်သူများ သည် မိုင်းတုံမြို့နယ်အတွင်းသို့ ပုံစံမျိုးဖြင့် ဝင်ရောက်လာကြောင်း၊ ယင်းသို့ဝင်ရောက်လာသော ကျားဖြန့် လုပ်ငန်းလုပ်ကိုင်သူများသည် မိုင်းတုံအခြေချစစ်ဗျူဟာမှူး ဗိုလ်မှူးကြီးကျော်ထင်ထံသို့ တိုက်ရိုက်ချိတ်ဆက်ကာ လိုင်းကြေးပေးခြင်း၊ လာဘ်ငွေပေးခြင်းများဖြင့် လုပ်ငန်းများ တရားဝင် စတင်ထူထောင်နေကြကြောင်း သိရှိရသည်။

“ရှမ်းမြောက်က ကျားဖြန့် တရုတ်တွေရော ဗမာတွေရော ထိုင်းနဲ့ ဗီယက်နမ်တွေလည်းပါတယ်။ မိုင်းတုံဘက်ကိုဝင်လာကြတာ။ ကျားဖြန့်တွေက အဓိက မိုင်းတုံမြို့က စီးပွားရေးသမားတွေနဲ့ ချိတ်ဆက်ပြီးမှ ဝင်တယ်။ မိုင်းတုံမြို့ခံ စီးပွားရေးသမားတွေက ဗျူဟာမှူး ဗိုလ်မှူးကြီးကျော်ထင်ဆီ ဝင်တယ်။ ကျော်ထင်ကနေ သူရဲ့ တပည့် ဗိုလ်ကြီး သက်မြတ်စိုးကနေတစ်ဆင့် လိုအပ်တာတွေ လုပ်ပေးခိုင်းတယ်။ ဆရာတပည့် အတွဲညီညီ စီးပွားဖြစ်နေကြတာ” ဟု တပ်တွင်းသတင်းရင်းမြစ်က ရှင်းပြသည်။

ထို့ပြင် မိုင်းတုံမြို့တွင် မူးယစ်ဆေးဝါးလုပ်ငန်းများ လုပ်ကိုင်သည့် ဂိုဏ်းများ၊ လောင်းကစားများ၊ ပြည့်တန်ဆာလုပ်ငန်းများ လုပ်ကိုင်နေသည့် စစ်တပ် လက်အောက်ခံ ပြည်သူ့စစ်များလည်းရှိနေပြီး ယင်းပြည်သူ့စစ်အဖွဲ့များကလည်း မိုင်းတုံဗျူဟာမှူး ဗိုလ်မှူးကြီးကျော်ထင်ထံသို့ တရားမဝင် လုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုရန်အတွက် လစဉ် ဆက်ကြေးပေးပို့ရကြောင်း သိရှိရသည်။

” မိုင်းတုံမှာလည်း တပ်ရဲ့ လက်အောက်ခံ ပြည်သူ့စစ်တွေအများကြီးပဲ။ ပြည်သူ့စစ်တွေက မူးယစ်ဆေးဝါးရောင်းတယ်၊ ဖြန့်တယ်။ လောင်းကစားရုံတွေလုပ်တယ်။ ပြည့်တန်ဆာလုပ်ငန်းတွေ လုပ်တယ်။ အဲဒါတွေကို တပ်က ခွင့်ပြုထားတယ်။ ပြည်သူ့စစ်တွေကလည်း ဗျူဟာမှူးအတွက် လစဉ် ဂါ၀ရကြေးဆိုပြီး တပ်ထိပ်ပိုင်းတွေဆီကို ဆက်ကြေးပေးနေတယ်”ဟု တပ်တွင်းသတင်းရင်းမြစ်က ဆက်လက်ရှင်းပြသည်။

ထို့ပြင် မိုင်းတုံဗျူဟာမှူး ဗိုလ်မှူးကြီးကျော်ထင်၏ တပည့်ဖြစ်သူ ဗိုလ်ကြီးသက်မြတ်စိုးက တရားမဝင် သတ္တုတူးဖော်ရေး လုပ်ငန်းများကို လုပ်ခွင့်ပေးခြင်း၊ စီးပွားရေးသမားများနှင့် အကျိုးတူပူးပေါင်းလုပ်ဆောင်ခြင်း၊ မြို့အဝင်မြို့အထွက်ဂိတ်များတွင် ကုန်ကားများကို တပ်ရန်ပုံတွေအတွက် ငွေကြေးတောင်းခံခြင်း သံလွင်မြစ်တွင် တရားမဝင် ရွှေတူးဖော်သည့် ဖောင်များကို ငွေကြေးရယူ၍ ခွင့်ပြုပေးခြင်းများကိုလည်း လုပ်ကိုင်လျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article