30 C
Yangon

မုံရွာ -ချောင်းဦးလမ်းမပေါ်တွင် ဆက်ကြေးကောက်နေသော စစ်တပ်နှင့် ကြေးနီသယ် စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

Must read

မုံရွာ -ချောင်းဦးလမ်းမပေါ်တွင် ဆက်ကြေးကောက်နေသော စစ်တပ်နှင့် ကြေးနီသယ် စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

ရန်ကုန်၊ မေ ၂

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ -ချောင်းဦးလမ်းမပေါ်တွင် ဆက်ကြေးကောက်နေသော အ ကြမ်းဖက်စစ်ကြောင်းနှင့် ကြေးနီသယ်စစ်ယာဉ်တန်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း People’s Defense Force – South Monywa တပ်ဖွဲ့မှ တာဝန်ရှိသူ Daung Karyan က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မေလ ၁ ရက်နေ့ နံနက် ၁၁ နာရီခန့်အချိန် ချောင်းဦးမြို့နယ်၊ ဂွေးပင်တော ဘုန်းကြီးကျောင်းမှ ထွက်လာပြီး ရေပိုးစားကန်အနီး လမ်းမပေါ်တွင် လမ်းသွား၊ လမ်းလာ ခရီးသည်တင်ကားများကို တားဆီး စစ်ဆေးနေသည့် အကြမ်းဖက်စစ်သားများကို လက်နက်ငယ်များဖြင့် အနီးကပ် ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သား ၁ ဦးနေရာမှာပင်ပွဲချင်းပြီး သေဆုံးသွားကြောင်း၊ ယနေ့ နံနက်ပိုင်း အဆိုပါ တိုက်ခိုက်မှုအတွင်း ဒဏ်ရာရရှိသော စစ်သားများအနက်မှ စစ်သား ၂ ဦးထပ်မံ သေဆုံးသွားကြောင်း သိရသည်။

“ဝင်ပစ်တဲ့ခဲ့သတင်းက မနေ့က ဖြစ်ဖြစ်ချင်း ၁ ဦးသေတယ်။ ဒီနေ့မနက် ၂ ဦးထပ်သေတယ်လို့ သိရပါတယ်။ အလောင်းတွေက ဒီမနက်အထိတော့ ရေပိုးစာဘုန်းကြီးကျောင်းထဲမှာပဲ ရှိသေးတယ်။ ဘယ်ကို ဆက်သယ်မယ်ဆိုတာ သတင်းမရသေးဘူး။ မနေ့က တိုက်ခိုက်ခံရပြီးတော့ အင်အား ထပ် တိုးထားတယ်လို့ သိရပါတယ်။ လက်ရှိရေပိုးစားမှာ အင်အားက ၃၀ ကျော်ရှိနေပါတယ်။” ဟု People’s Defense Force – South Monywa တပ်ဖွဲ့မှ တာဝန်ရှိသူ Daung Karyan က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း – People’s Defense Force – South Monywa တပ်ခွဲ ၂ Black Hunter People’s Task Force ၊ တောသားကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့်နွေဦး လူငယ် People’s Defense Force တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်သား များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာ ကွယ် ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မေလ ၁ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန် မုံရွာမြို့ဘက်မှ ချောင်းဦးမြို့ဘက်သို့ ကြေးနီများတင်ဆောင်ပြီး ထွက်ခွာလာသော အကြမ်းဖက်စစ်ယာဉ်တန်းကို ချောင်းဦးမြို့နယ်၊ နတ် ရေကန်ကျေးရွာနှင့် ငါးယှန်ကျေးရွာအရောက် ပဒေသာမိုင်း ၅ လုံးတွဲ တစ်တွဲ ၊ ၃ လုံးတွဲ ၁ တွဲဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အလားတူ နံနက် ၈ နာရီ ၅၅ မိနစ်တွင် ဝမ်ပေါင်ကုမ္ပဏီမှ တင်နီများတင်ဆောင်ပြီး မုံရွာမြို့ဘက်မှ ချောင်းဦးမြို့ဘက်သို့ ထပ်မံထွက်ခွာလာသော ကြေးနီကား ၈ စီး နှင့် Jammer ကားတစ်စီးပါယာဥ် တန်း အနက် ၈ စီးမြောက်လိုက်ပါလာသော Jammer ကားကို မုံရွာ-ချောင်းဦးလမ်းပိုင်း၌ ထန်းလုံး မိုင်း အကြီး ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာကြောင်း သိရသည်။

“ဆားလင်းကြီးမြို့နယ်၊ ဝမ်ပေါင် ကုမ္ပဏီကနေ ထွက်လာတဲ့ ကြေးနီးတင်ကားတွေနဲ့ လုံခြုံရေး ယူပေးတဲ့ စစ်ခွေးယာဉ်တန်းကို မိုင်းဆွဲခဲ့ ၂ နေရာပါ။ နောက်ဆက်တွဲသတင်းက စုံစမ်းနေတုန်းပဲ၊ လက်နက်ကြီး ၊ လက်နက်ငယ်တွေနဲ့ ပြန်လည် ပစ်ခတ်မှုရှိခဲ့ပေမယ့် ကျနော်တို့ရဲဘောတွေ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ပါတယ်။” ဟု People’s Defense Force – South Monywa တပ်ဖွဲ့မှ Daung Karyan က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း People’s Defense Force – South Monywa တပ်ခွဲ ၁ ၊ မုံရွာခရိုင်တပ်ရင်း ၁၁ တပ်ခွဲ ၃ တပ်စု ၂ Youth Vigor Revolution Force နှင့် တောသား ကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article