25 C
Yangon

သံတောင်ကြီး၊ မုံရွာနှင့် ဖားကန့် မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရပြီး ၂ ဦး စိုးရိမ်ရ

Must read

သံတောင်ကြီး၊ မုံရွာနှင့် ဖားကန့် မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရပြီး ၂ ဦး စိုးရိမ်ရ

ရန်ကုန်၊ မေ ၂

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ ပျားစခန်းရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရပြီး ၁ ဦး စိုးရိမ်ရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် သံတောင် ၁၃ မိုင်စခန်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပျားစခန်းရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် နေအိမ် ၁ လုံးထိမှန်ကာ အသက် ၁၄ နှစ်အရွယ် အမျိုးသား ၁ ဦး၊ အသက် ၃၀ အရွယ် အမျိုးသား ၁ ဦးနှင့် အသက် ၇၀ အရွယ် အဖွားအို ၁ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“သံတောင်ကြီး ပျားစခန်ရွာထဲ စစ်တပ်က ပစ်တဲ့ လက်နက်ကြီး ကျလို့ ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရတယ်။ နေအိမ် ၁ လုံး ပျက်စီးသွားတယ်။ ဒဏ်ရာရသူတွေကို တောင်ငူဘက် ဆေးရုံပို့ထားတယ်။ အမျိုးသား ၁ ဦးကတော့ စိုးရိမ်ရတယ်။ သံတောင် ၁၃ မိုင် စစ်တပ် စခန်းကပစ်တာ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် လယ်ဇင်ကျေးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

မေလ ၁ ရက်နေ့ ညပိုင်းတွင် မုံရွာ- မန္တလေး လမ်းပိုင်းရှိ မအူစစ်ဆေးရေးဂိတ်မှ အကြမ်းဖက် စစ်ကောင်စီတပ်သားများက လယ်ဇင်ကျေးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ကျေးရွာနေပြည်သူ အသက် ၆၀ ကျော်အရွယ် ဒေါ်ကွင့်နှင့် အသက် ၃၀ ၀န်းကျင်အရွယ် အမျိုးသမီး ၁ ဦးတို့ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

မေလ ၁ ရက်နေ့ ည ၆ နာရီခွဲခန့်တွင် ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအနီး အကြမ်းဖက် စစ်တပ်နှင့် KIA ပူးပေါင်းတပ်များ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် အကြမ်းဖက် စစ်တပ်က ကျေးရွာထဲကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးသည် ဆိပ်မူကျေးရွာရှိ စမ်းသီတာကုန်းကို ကျရောက်ပေါက်ကွဲခဲ့ပြီး လူနေအိမ် ၁ လုံး ထိမှန်ကာ အသက် ၃၅ နှစ် အရွယ် မအိမာနှင့် အမည်မသိ ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရပြီး ဒဏ်ရာအခြေအနေ စိုးရိမ်ရကာ ဆေးကုသမှု ခံယူနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article