25 C
Yangon

အကြမ်းဖက်စစ်ကောင်စီရုံး၏ တိုက်ရိုက်အမိန့်ပေးမှုဖြင့် အမျိုးသားများ ပြည်ပသို့ အလုပ်ဖြင့် ထွက်ခွာခွင့် ယာယီ ရပ်ဆိုင်းဟု အလုပ်သမားဝန်ကြီးဌာနပြော

Must read

ပြန်လည် ဖွင့်လှစ်မည်ဆိုပါက အမျိုးသားများ ပြည်ပအလုပ်လုပ်ခွင့်အတွက် ထောက်ခံစာများ၊ ခံဝန်ကတိများ ပါဝင်မည်ဟုဆို

ရန်ကုန်၊ မေ ၃

အကြမ်းဖက်စစ်ကောင်စီရုံး၏ တိုက်ရိုက်အမိန့်ပေးမှုဖြင့် အမျိုးသားများ ပြည်ပသို့ အလုပ်ဖြင့် ထွက်ခွာခွင့် ယာယီ ရပ်ဆိုင်းခြင်းဖြစ်သည်ဟု အလုပ်သမားဝန်ကြီးဌာနက ပြောဆိုလာကြောင်း ရန်ကုန်အခြေစိုက် ပြည်ပအလုပ်အကိုင်အေဂျင်စီ ၂ ခုက အတည်ပြုပြောဆိုသည်။

“အမျိုးသားတွေ ပြည်ပကို အလုပ်လုပ်ဖို့ ပိတ်လိုက်တာက စစ်ကောင်စီရုံးဘက်က တိုက်ရိုက်ညွှန်ကြားတာလို့ အလုပ်သမားဝန်ကြီးဌာနဘက်က ပြောပါတယ်။ ပြန်ဖွင့်မယ့်အချိန်က ဘယ်တော့မှန်းမသိဘူး။ သို့သော် ပြန်တော့ဖွင့်ပေးမယ်။ ပြန်ဖွင့်မယ်ဆိုရင်လည်း အမျိုးသားတွေ ပြည်ပအလုပ်အတွက် ထွက်ခွာဖို့ က ထောက်ခံစာတွေလိုမယ်၊ နောက်တစ်ခါ ခံဝန်ကတိတွေပါ လိုမယ်လို့ အလွတ် သဘောပြောပါတယ်။ အေဂျင်စီတွေဘက်က ပိုပြီး တာဝန်ယူရမယ်လို့ ပြောတယ်။ အမြဲ တမ်းကြီးတော့မပိတ်ဘူး။ ပြန်ဖွင့်ရင်တောင် အရင်လို မလွယ်နိုင်ဘူးလို့ပြောတယ်။ အဲဒါ ထပ်မေးကြည့်တာ စစ်မှုထမ်းဖို့နဲ့ နိုင်ငံတော်ကို အခွန်ငွေ ပြန်ပို့ရမယ့်ကိစ္စတွေ အတွက်ပါ ထောက်ခံစာတွေ ခံဝန်တွေ ပါမယ်လို့သိရတယ်” ဟု ရန်ကုန်အခြေစိုက် ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခုက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာနက အမျိုးသားများအတွက် ပြည်ပအလုပ်ခေါ်စာများ မေလ ၁ ရက်နေ့မှ စတင် ဆိုင်းငံ့ထားမှုကို တရားဝင် အမိန့်ထုတ်ပြန်ခြင်းမရှိဘဲ နှုတ်အားဖြင့်သာ ပြည်ပအလုပ်အကိုင်အေဂျင်စီများကို အသိပေးကြောင်း၊ ဧပြီလ ၃၀ ရက်နေ့အထိ တင်ပြထားသော အလုပ် ခေါ်စာများကိုသာ စစ်ကောင်စီက ခွင့်ပြုချက် ချထားပေးနေကြောင်း သိရှိရသည်။

“အခုထက်ထိ ပြည်ပအလုပ်အကိုင်အေဂျင်စီတွေကို အလုပ်သမားဝန်ကြီးဌာနကနေ တရားဝင်စာနဲ့ အကြောင်းကြားတာ ညွှန်ကြားတာ မလုပ်သေးဘူး။ ကျနော်တို့လည်း သတင်းတွေမှာပါ တွေ့နေတာ။ ဖုန်းဆက်မေးရင်တော့ အမျိုးသားတွေအတွက် Demand အလုပ်ခေါ်စာ ရပ်ထားပါ ဆိုတာတော့ အလုပ်သမားဝန်ကြီးဌာနက ပြန်ပြောတယ်” ဟု ကျောက်တံတားမြို့နယ်ရှိ မလေးရှား ပြည်ပအလုပ်အကိုင်အေဂျင်စီ၏တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။ ​

စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စစ်ကောင်စီက အသက်သွင်းကြောင်း ကြေညာပြီးနောက် လူငယ်အများအပြား ပြည်ပသို့ အလုပ်အကိုင်ဖြင့် ထွက်ခွာခဲ့ကြကြောင်း၊ ၃ လနီးပါးအကြာ မေလ ၁ ရက်နေ့တွင် အမျိုးသားများ ပြည်ပသို့ အလုပ်ဖြင့် ထွက်ခွာခွင့် ယာယီရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ပုံစာ – စစ်ကောင်စီထံသို့ မီဒီယာများ၏ မေးမြန်းချက်အပေါ် အလုပ်သမား ဝန်ကြီးဌာန၏ ပြန်လည် ဖြေကြားချက်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar #အမျိုးသားများ ပြည်ပသို့ အလုပ်ဖြင့် ထွက်ခွာခွင့် ယာယီ ရပ်ဆိုင်း

စစ်ကောင်စီထံသို့ မီဒီယာများ၏ မေးမြန်းချက်အပေါ် အလုပ်သမား ဝန်ကြီးဌာန၏ ပြန်လည် ဖြေကြားချက်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article