25 C
Yangon

နိုင်ငံတစ်ဝန်း Non-CDM ဝန်ထမ်းများအနက်မှ ပထမဦးဆုံး စစ်မှုထမ်းကြမည့်ဝန်ထမ်းစာရင်း စတင်ကောက်ခံ

Must read

ရန်ကုန်၊ မေ ၃

မြန်မာနိုင်ငံတစ်ဝန်း Non-CDM ဝန်ထမ်းများအနက်မှ ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် ပထမဦးဆုံး စစ်မှုထမ်းကြမည့်ဝန်ထမ်းစာရင်းကို စစ်ကောင်စီက စတင်ကောက်ခံနေကြောင်း နေပြည်တော် ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဝန်ထမ်းရေးရာဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

ဧပြီလ ၂၆ ရက်နေ့ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဝန်ထမ်းရေးရာဦးစီးဌာနက Non-CDM ဝန်ထမ်းများအနက်မှ မိမိ၏ ကိုယ် ပိုင် ဆန္ဒဖြင့် စစ်မှုထမ်းရန် ဆန္ဒပြုလိုသော ဝန်ထမ်းများစာရင်းပေးပို့ရန် ဝန်ကြီးဌာနအသီးသီးသို့ စာရင်းတောင်းခံလာကြောင်း၊ ထိုသို့ တောင်းခံသည့်အတွက် ဝန်ကြီးဌာနများက ဌာနတွင်း ပထမဦးဆုံး သွားရောက် စစ်မှုထမ်းကြမည့် ဝန်ထမ်း များ စာရင်းကို ပြုစုနေကြောင်း၊ သို့ရာတွင် ဝန်ထမ်းများက ကိုယ်တိုင် ဆန္ဒပြုခြင်းမဟုတ်ဘဲ ဌာနအကြီးအကဲများက သင့်တော်သလို စာရင်းပြုစု စီမံကြခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းအများစုမှာ ၎င်းတို့ကိုယ်တိုင် သိရှိခြင်းမရှိဘဲ စစ်မှုထမ်းရမည့် နာမည်စာရင်းတွင် ပါဝင်နေကြောင်း သိရှိရသည်။

“ဧပြီလ ၂၆ ရက်နေ့မှာ နေပြည်တော် ဝန်ထမ်းရေးရာဦးစီးဌာနကနေ စစ်မှုထမ်းမယ့် ပထမဦးဆုံး အသုတ် ဝန်ထမ်းစာရင်း ပေးပို့ဖို့ ဝန်ကြီးဌာနအသီးသီးကို စာပို့ပါတယ်။ စာက လျှို့ဝှက်နဲ့ပို့ပေမယ့် ဝန်ထမ်းတွေအကုန် သိကုန်လို့ ၀ရုန်းသုန်းကားဖြစ်ကုန်တယ်။ တချို့ ဝန်ထမ်းတွေက ထွက်စာတင်ပေမယ့်လည်း အထွက်မခံဘူး။ ရုံးလည်း လာမတက်တော့ ကင်းကွာတွေဖြစ်တယ်။ ဆန္ဒပြုခိုင်းတာဆိုပေမယ့် ဝန်ထမ်းတွေကိုယ်တိုင်မသိဘဲ နာမည်စာရင်းတွေကို ဌာနအကြီးအကဲတွေက သင့်တော်သလို စီမံထည့်ထားလို့ ပြဿနာတွေ ဖြစ်နေကြတယ်” ဟု ပြည်ထောင်စုရာထူးဝန်အဖွဲ့ သတင်းရင်းမြစ်က ပြောဆိုသည်။

ရှမ်းပြည်နယ်၊ ကလောမြို့နယ်ရှိ ဌာနဆိုင်ရာရုံးများတွင် သက်ဆိုင်ရာ ဝန်ထမ်းများကို အသိပေးခြင်းမရှိဘဲ စစ်မှုထမ်းမည့် စာရင်းကို ဌာနဆိုင်ရာ အုပ်ချုပ်သူများက ပေးကြသဖြင့် အချင်းချင်း အပြန်အလှန် တိုင်ကြားမှုများ ဖြစ်ပေါ်နေကြောင်း၊ တချို့ ဝန်ထမ်းများမှာ ရုံးမတက်တော့ဘဲ ခွင့်မဲ့ပျက်ကွက်မှုများလည်းရှိနေကြောင်း သိရှိရသည်။

စစ်မှုထမ်းဥပဒေဖြင့် စစ်ထဲဝင်ရောက်ရမည့် Non-CDM ဝန်ထမ်းများကို ဌာနက ပေးအပ်သော တာဝန်ကို ဆက်လက်တာဝန်ထမ်း ဆောင်သည်ဟု သတ်မှတ်ပြီး လစာနှင့်ခံစားခွင့်များ ဆက်လက်ပေးထားမည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာ အလုပ်တာဝန်များကို ယာယီ လွှဲပြောင်းမှုရှိမည်ဖြစ်သော်လည်း စစ်မှုထမ်းမှ ပြန်လာချိန်တွင် မူလနေရာ၊ လစာနှင့်ခံစားခွင့်များအတိုင်း ပြန်လည် ခံစား ရမည်ဖြစ်ကြောင်း၊ စစ်မှုထမ်းချိန် စစ်တပ်မှ ရရှိသော လစာနှင့်ခံစားခွင့်များကို ထပ်မံခံစားခွင့်ပြုမည်ဟု မက်လုံးပေးထားကြောင်း သိရှိရသည်။

“လာမယ့် စစ်မှုထမ်းအပတ်စဉ်အသစ်မှာ ဝန်ထမ်းတွေစ တက်ရမယ်ပြောတယ်။ အမျိုးသားတွေချည်းပါပဲ။ စာရင်းမှာတော့ အမျိုးသမီးစာရင်းပေးရတာရှိတယ်။ ဘယ်လိုလာဦးမလဲတော့မသိဘူး။ အားလုံးကတော့ မသွားချင်ကြဘူး”ဟု နေပြည်တော်မွေးမြူရေး၊ ဆည်မြောင်းနှင့်စိုက်ပျိုးရေးဌာနမှ အရာထမ်းတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ – ၇၅ နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့သို့ ချီတက်ကြသည့် စစ်ကောင်စီလက်အောက်ခံ Non-CDM ဝန်ထမ်းများ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

၇၅ နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့သို့ ချီတက်ကြသည့် စစ်ကောင်စီလက်အောက်ခံ Non-CDM ဝန်ထမ်းများ။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article